နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် ကုန်စည်များ စည်းကြပ်ကောက်ခံမည်ဟု ကနေဒါခြိမ်းခြောက်

အော့တဝါ၊  ဒီဇင်ဘာ ၁၃


ကနေဒါနိုင်ငံ၏  ကားလုပ်ငန်းများကို ထိခိုက်နစ်နာစေမည့် အမေရိကန်ထုတ် လျှပ်စစ်ကားများကို အခွင့်အလမ်းပေးရန် စီစဉ်နေသည့် အမေရိကန်ကို ကုန်သွယ် ရေးတွင် အရေးယူကာ အမေရိကန် ကုန်စည်များအပေါ် အကောက်ခွန်များ စည်းကြပ်မည်ဟု ကနေဒါနိုင်ငံတာဝန် ရှိသူများက ပြောကြားလိုက်သည်။ 


အမေရိကန် လွှတ်တော်အမတ် များကို စာရေးသားရာတွင် ဒုဝန်ကြီး ချုပ်   ခရစ်စတီးယားဖရီးလန်းက အမေရိကန်နိုင်ငံ၏ လျှပ်စစ်ကားအခွန် နှင့်ပတ်သက်ပြီး အသစ်တင်သွင်းထား သော အဆိုသည် အမေရိကန်နှင့်ကနေဒါ နှစ်နိုင်ငံအကြားက သဘောတူညီမှုများ ကို ချိုးဖောက်နေကြောင်း ရေးသားဖော်ပြ ခဲ့သည်။  အသစ်တင်သွင်းထားသော အခွန်သည် ကနေဒါနိုင်ငံထုတ် လျှပ်စစ် ကားအပိုင်းအစများ ၃၄ ရာခိုင်နှုန်း၏ အကောက်ခွန်နှင့် ညီမျှနေပြီး ယင်းသည် ကနေဒါနိုင်ငံ၏ မော်တော်ကားလုပ်ငန်း ကဏ္ဍကို  ကြီးမားစွာခြိမ်းခြောက်နေ ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံအကြားက သဘောတူညီချက်များကိုပါ ချိုးဖောက် ရာရောက်ကြောင်း သိရသည်။ 


အမေရိကန်အနေဖြင့်   ယင်းကို အတည်ပြုလိုက်ပြီဆိုပါက  ကနေဒါ အနေနှင့် အမေရိကန်နိုင်ငံက ဝင်လာ သော ကုန်စည်များအပေါ်  အကောက်ခွန် ကောက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် အမေရိကန်နိုင်ငံ၏   ကနေဒါ နွားနို့ စျေးကွက် အသုံးပြုခွင့်ကိုလည်း တားမြစ် မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ကနေဒါနိုင်ငံ၏ အကောက်ခွန်ဒဏ်ရိုက် ခံရမည့်  အမေရိကန်ကုန်စည်များကို ဒီဇင်ဘာလ အတွင်း၌ပင် ထုတ်ပြန်သွား မည်ဖြစ်ကြောင်း ကနေဒါအကောက်ခွန် အရာရှိများက ပြောသည်။     (Ref:BBC)






အခြားဆက်စပ်သတင်းများ