နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုရှယ်မီဒီယာသည် ဒီမိုကရေစီအတွက်ခြိမ်းခြောက်မှုဖြစ်နေကြောင်း တူရကီသမ္မတ ဝေဖန်ပြောဆို

အစ္စတန်ဘူလ်၊  ဒီဇင်ဘာ ၁၃


ဆိုရှယ်မီဒီယာသည်    ဒီမိုကရေစီ အတွက်  အကြီးမားဆုံး  ခြိမ်းခြောက်မှု များအနက် တစ်ခုဖြစ်ကြောင်း တူရကီ သမ္မတ ရီဆက်တေးရစ်အာဒိုဂန်ကပြော ကြားသည်။  


အာဒိုဂန်အစိုးရသည် အွန်လိုင်းတွင် သတင်းတု၊ သတင်းမှား ဖြန့်ချိခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် ဥပဒေ တစ်ခုပြဋ္ဌာန်းရေးအတွက် လုပ်ဆောင် နေသော်လည်း ထိုသို့လုပ်ဆောင်ခြင်း သည် လွတ်လပ်စွာ ပြောဆိုခွင့်ကိုကန့် သတ်ရာရောက်မည်ဖြစ်ကြောင်း ဝေဖန် သူများကပြောသည်။  


တူရကီတွင် တစ်သန်းကျော်သော လူမှုကွန်ရက် အသုံးပြုသူများအနေဖြင့် တရားဝင် ကိုယ်စားလှယ်ထားပြီး အချက် အလက်များကို  နိုင်ငံအတွင်းတွင်သာ သိုမှီးရန် လိုအပ်စေသည့် ဥပဒေတစ်ခုကို လွန်ခဲ့သောနှစ်က    ပြဋ္ဌာန်းခဲ့ကာ  ထိုအချိန်မှစပြီး   Facebook, YouTube နှင့် Twitter အပါအဝင် အဓိက လူမှုကွန်ရက်များသည် တူရကီတွင် ရုံးများဖွင့်ထားခဲ့သည်။ 


တူရကီတွင် ပြဋ္ဌာန်းမည့် ဥပဒေသစ် အရ သတင်းမှား သတင်းတုလွှင့်သူများ ကို ထောင်ငါးနှစ်အထိ ချမှတ်နိုင်မည်ဖြစ် ကြောင်း ၊ ထိုဥပဒေအရ ဆိုရှယ်မီဒီယာ စည်းကမ်းထိန်းကြောင်းသည့် အဖွဲ့တစ် ခုကိုလည်း ထူထောင်မည်ဖြစ်ကြောင်း သိရသည်။ 


တူရကီနိုင်ငံတွင် မီဒီယာအများစု သည်  အစိုးရထိန်းချုပ်မှုအောက်တွင်သာ ရှိနေသောကြောင့် ဆိုရှယ်မီဒီယာသည် အစိုးရနှင့်  သဘောထားကွဲလွဲသူများ အတွက် အရေးကြီးသည့် သတင်းရင်း မြစ် ပလက်ဖောင်းတစ်ခု အရေးပါနေ ကြောင်း ဆိုရှယ်မီဒီယာသုံးစွဲသူများက ပြောသည်။                            

(Ref:AP)






အခြားဆက်စပ်သတင်းများ