နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျကာ ၁၂ ဦးပျောက်ဆုံး

မီလန်၊  ဒီဇင်ဘာ ၁၃


အီတလီနိုင်ငံ၊ စစ္စလီယန်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လေးထပ်အဆောက်အဦပြိုကျပြီးနောက် ကလေးသုံးဦးအပါအဝင် ပျောက်ဆုံးနေသူ ၁၂ ဦးကို ကယ်ဆယ်ရေးသမားများက   ရှာဖွေနေကြောင်း  ANSA  သတင်းဌာနက ဖော်ပြသည်။ 


စစ္စလီယန်အနောက်တောင်ပိုင်း အာဂရီဂန်တိုမြို့ရှိ နှစ်ပေါင်း ၁၁,၀၀၀ သက်တမ်း ရှိ ကျော်ကြားသော ဂရိဘုရားကျောင်းအနီးတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲပြီးနောက် ယင်းအဆောက်အဦမှာ မီးလောင်ပြိုကျသွားခဲ့ကြောင်း ANSA မှ ပြောကြားသည်။ 


မီးသတ်သမားများသည် မီးငြှိမ်းသတ်နိုင်ခဲ့ပြီးနောက် လူငယ်စုံတွဲတစ်တွဲအပါအဝင် ပျောက်ဆုံးနေသောသူများကိုရှာဖွေရန် အပျက်အစီးများကို စတင်တူးဖော်နေပြီဖြစ် ကြောင်း သိရသည်။  ပေါက်ကွဲမှုကြောင့်   မြို့လယ်ရှိနောက်ထပ် အဆောက်အဦများ နှစ်လုံးထက်မနည်း ပျက်စီးခဲ့ကြောင်းလည်း သတင်းဌာနများတွင်ဖော်ပြထားသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ