နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အချိန်အခါမဟုတ် လေဆင်နှာမောင်းတိုက်ခတ် အမေရိကန်တွင် လူအများအပြားသေဆုံး

ဝါရှင်တန်   ဒီဇင်ဘာ  ၁၂


ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန် အနောက်တောင်ဘက် ပြည်နယ်အချို့ တွင် အချိန်အခါမဟုတ် လေဆင် နှာမောင်းများ ဆက်တိုက်တိုက်ခတ် ခြင်းကြောင့် လူပေါင်း ဒါဇင်ချီ သေဆုံးခဲ့ ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် အတည်ပြုသတင်းထုတ်ပြန်သည်။


ဒီဇင်ဘာ ၁၀ ရက်က အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်များဖြစ်သော Arkansas, Illinois, Kentucky, Missouri နှင့် Tennesse ပြည်နယ် ၅ ခုတွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ ခြင်းကြောင့် လက်ရှိအချိန်အထိလိုအပ် သည့် ရှာဖွေကယ်ဆယ်ရေးနှင့်အကူ အညီပေးရေးအတွက် အစိုးရတာဝန်ရှိ သူများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး များနှင့် လက်တွဲဆောင်ရွက်နေ ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ကန်သမ္မတ ဂျိုးဘိုင်ဒင်က ယင်း၏ Twitter လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားထားသည်။


လေဆင်နှာမောင်းဒဏ်အဆိုးဆုံး ခံခဲ့ရသည့် Kentucky ပြည်နယ်၊ Mayfield မြို့ရှိ အလုပ်သမား ၁၁၀ ဦးခန့် အလုပ်လုပ်နေသည့် ဖယောင်းတိုင်စက်ရုံတွင် လူ ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ထို့ကြောင့် အရေးပေါ် အခြေအနေကြေညာလိုက်ပြီးပြည်နယ် အရန်တပ်များနှင့်ရဲများကို တာဝန်ပေး ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး က ပြောသည်။ 


အလားတူ လေဆင်နှာမောင်းဒဏ် ခံခဲ့ရသည့် Tennessee ပြည်နယ်တွင် လည်း သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး Illinois ပြည်နယ်တွင် တစ်ဦးသေဆုံးကာ  နှစ်ဦးဒဏ်ရာရကြောင်း၊ Missouri တွင် တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပြီး Arkansas ပြည်နယ်တွင် တစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ