နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ငွေကြေးဖောင်းပွမှု ၃၉ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

ဝါရှင်တန်     ဒီဇင်ဘာ  ၁၂


ကမ္ဘာပေါ်တွင် စီးပွားရေးကြီး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံတွင် နှစ်ပေါင်း ၃၉ နှစ်အတွင်း ငွေကြေး ဖောင်းပွမှုအမြင့်ဆုံးသို့ ရောက်ရှိလာပြီး စားသုံးသူများ၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း အမေရိကန် အရေး နိုင်ငံတကာစစ်တမ်းများတွင် ဖော်ပြသည်။


အမေရိကန် အလုပ်သမားများ စာရင်းအင်းရုံး၏ အချက်အလက်များ အရ စားသုံးသူများအညွှန်းကိန်း ငွေကြေးဖောင်းပွမှုသည် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး ၁၉၈၂ ခုနှစ်နောက်ပိုင်း အကြီးဆုံးမြင့်တက် လာမှုဖြစ်သည်။


ငွေကြေး ဖောင်းပွလာမှုကြောင့် ကုန်စျေးနှုန်းများ မြင့်တက်နေသည့် အပြင် ဆီ၊ အိမ်ခြံမြေ၊ အစားအစာ နှင့် ကားစျေးကွက်များတွင် စျေးနှုန်း မြင့်တက်လာမှုမှာလည်း အများဆုံး ရှိနေသည်။


ကိုဗစ်-၁၉ ကြောင့် ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ ဖြေလျှော့မှုများနှင့် အလွန်နည်းပါး သော ဘဏ်အတိုးနှုန်းများသည် စီးပွားရေး ပြန်လည်ထူထောင်ရေးတွင် ထိခိုက်မှုမရှိသော်လည်း ငွေကြေး ဖောင်းပွမှုအတွက် လမ်းခင်းပေးသော ကြောင့် ဗဟိုဘဏ်အနေနှင့် အဖြေကို အမြန်ဆုံးရှာတွေ့ရန် ဖိအားများရှိနေ ကာ ငွေကြေးဖောင်းပွမှုအပြင် ပြည်သူ လူထုများအကြား ထောက်ခံမှုကျဆင်း လာသည့် သမ္မတဂျိုးဘိုင်ဒင်ကို ခေါင်းခဲ စေသော အကြောင်းအရာဖြစ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ် သည်။


ငွေကြေးဖောင်းပွမှုများအတွက် ဗဟိုဘဏ်တာဝန်ရှိသူများအနေဖြင့် ဖြေလျှော့မှုများကို ပြင်ဆင်နိုင်ရန် မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ အမြန်ဆုံးပြုလုပ်ရန် သမ္မတဘိုင်ဒင်က တိုက်တွန်းထားကာ အချို့စီးပွားရေး ကျွမ်းကျင်သူများကမူ ဆီစျေးများ      ပြန်လည်ကျဆင်းလာမည့် လက္ခဏာ ကိုမြင်နေကြောင်း ပြောကြားထား သည်။

(Ref : BBC)






အခြားဆက်စပ်သတင်းများ