နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေတိုးအဖွဲ့ ကတိကဝတ်များဆိုင်းငံ့ရန် ရုရှားတိုက်တွန်း

မော်စကို   ဒီဇင်ဘာ  ၁၂


မြောက်အတ္တလန္တိတ် မဟာမိတ် စာချုပ်အဖွဲ့ (NATO) ကို တစ်နေ့တွင် အဖွဲ့ဝင်ဖြစ်လာမည့် ယူကရိန်းနှင့် ဂျော်ဂျီယာတို့အပေါ် ကတိကဝတ်ပြု ထားသည့် ၂၀၀၈ ကတိကဝတ်ကို ဆိုင်းငံ့ထားရန် ရုရှားက ဒီဇင်ဘာ ၁၁ ရက်တွင် တောင်းဆိုလိုက်သည်။


အဆိုပါ နေတိုးအဖွဲ့အနေဖြင့် ရုရှား နှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများတွင် ၎င်း၏လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် လက်နက်များ ဖြန့်ကြက်ခြင်းမပြုရန် ကတိပြုသင့် သည်ဟု ရုရှားဘက်က ပြောကြားလိုက် ခြင်းဖြစ်သည်။ 


ယင်း လုံခြုံရေးအာမခံချက်ကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ ထံမှရယူလိုကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောသည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။


သို့ရာတွင် ယူကရိန်းကို နေတိုး အဖွဲ့ဝင်အဖြစ်သတ်မှတ်ကာ ထိရောက် သော ရုရှား ဗီတိုအာဏာတောင်းဆို မှုမှာ အရှေ့-အနောက် ဆက်ဆံရေးတွင် တည်ငြိမ်မှုမရှိသည့် အချက်ဖြစ်ပြီး အမေရိကန်ဘက်ကလည်း  ပြတ်ပြတ် သားသား ငြင်းဆိုထားပြီးဖြစ်သည်။ 


ယူကရိန်းသည် နေတိုး၏ အဖွဲ့ဝင် နိုင်ငံဖြစ်မည့် လမ်းကြောင်းပေါ်ရောက် နေကြောင်း ရုရှားဝန်ကြီးဌာနကပြော ကြားထားပြီး  ရုရှားကို ပစ်မှတ်ထားမည့် ဒုံးကျည်စနစ်များ ဖြန့်ကြက်ထားရန် ဦးတည်ဆောင်ရွက်နေကြောင်း ပြောဆို ထားသည်။                    (ref:Reuters)






အခြားဆက်စပ်သတင်းများ