နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံအတွင်းရှိ ဆယ်ကျော်သက်လူငယ်များ ကိုဗစ်အားဖြည့်ဆေးထိုးရန် အမေရိကန် FDA ခွင့်ပြု

ဝါရှင်တန်   ဒီဇင်ဘာ  ၁၂


ဗီဇပြောင်း အိုမီခရွန်ပိုးပျံ့နှံ့ ကူးစက် နေသည့် အမေရိကန်ပြည်ထောင်စု တွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်များကို ကိုဗစ် အားဖြည့်ဆေးထိုးရန် အမေရိကန် ဆေးဝါးနှင့် အစားအသောက်ဆိုင်ရာ ကွပ်ကွဲရေး (FDA) ဌာနက ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်သည်။ 


အမေရိကန် ပြည်ထောင်စုတွင် အသက် ၅ နှစ်အရွယ်မှစ၍ ကလေးငယ် များကို ကိုဗစ်ကာကွယ်ဆေးထိုးရန် ခွင့်ပြုထားသော်လည်း ၅ နှစ်မှ ၁၆ နှစ်ကြား ကလေးများအနေဖြင့် အားဖြည့်ကိုဗစ် ကာကွယ်ဆေးထိုးရန် တာဝန်ရှိသူများက ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။ 


သို့ရာတွင် ကိုဗစ်ကာကွယ်ဆေး များသည် လုံခြုံပြီးထိရောက်သည့် အတွက် ဆယ်ကျော်သက်အရွယ် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်များကို Pfizer အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးကြ ရန် FDA က တိုက်တွန်းထားသည်။


ယင်းကို ရောဂါကာကွယ်ထိန်းချုပ် ရေးဌာန (CDC) ကလည်း အကြံပြု ခွင့်ပြုချက်ထုတ်ပြန်ခဲ့ပြီး အိုမီခရွန်ပိုး သစ်နှင့်ပတ်သက်၍ ကနဦးလေ့လာ ချက်များအရ အားဖြည့်ကိုဗစ်  ကာကွယ်ဆေးများသည် အိုမီခရွန်နှင့် အခြားကိုဗစ်ရောဂါပိုးများကို ပိုပြီး အကာအကွယ်ပေးနိုင်ကြောင်း CDC ဌာနညွှန်ကြာရေးမှူး Dr. Rochelle Walensky က ပြောသည်။ 


အမေရိကန်တွင် အိုမီခရွန် ပိုးသစ်ကူးစက်သည့် ပြည်နယ်များ များလာသည့်အတွက် ပြည်သူများကို ကိုဗစ်အားဖြည့်ကာကွယ်ဆေး ထိုးကြ ရန်တာဝန်ရှိသူများနှင့် ကျန်းမာရေး ပညာရှင်များက တိုက်တွန်းနေကြ သည်။

 (ref:AFP)






အခြားဆက်စပ်သတင်းများ