နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပျံသန်းခြင်းကို ဇန်နဝါရီ ၃၁ ရက်အထိ ဆိုင်းငံ့

နယူးဒေလီ    ဒီဇင်ဘာ  ၁၂


အိန္ဒိယနိုင်ငံ၏ စီးပွားဖြစ်နိုင်ငံ တကာ လေကြောင်းပျံသန်း ခြင်းများကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ဆိုင်းငံ့ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 


အိန္ဒိယနိုင်ငံ၏ မြို့ပြလေကြောင်း စောင့်ကြည့်ရေးအဖွဲ့၊ မြို့ပြလေ ကြောင်း ညွှန်ကြားမှုဦးစီးဌာန(DGCA) မှထုတ်ပြန်ချက်တွင် အဆိုပါ ကန့်သတ်ချက်သည် DGCA မှ အထူး ခွင့်ပြုထားသော နိုင်ငံတကာကုန်စည် တင်ဆောင်မှုများနှင့် ပျံသန်းမှုများ အားလုံးအတွက် သက်ဆိုင်မည်မဟုတ် ဟု သိရသည်။


လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ် ခြင်း (lockdown) စတင်ပြဋ္ဌာန်းထား သည့် မတ်လကတည်းက စီးပွားဖြစ် လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ ထားခြင်းဖြစ်သည်။ 


အိန္ဒိယနိုင်ငံ၌ ပြည်တွင်းလေ ကြောင်းလိုင်းများအား နှစ်လနီးပါးကြာ ရပ်ဆိုင်းထားပြီးနောက် ပြီးခဲ့သည့်နှစ် မေလ ၂၅ ရက်က လုပ်ငန်းများ ပြန်လည်စတင်ခဲ့သော်လည်း စီးပွားဖြစ် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ကိုမူ ဆက်လက်ရပ်ဆိုင်းထားသည်။

(ref:AP)






အခြားဆက်စပ်သတင်းများ