နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးလှစိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်လမ်းလျှောက်ကြသည်။


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)က ကျောင်းအုပ်ကြီး နှင့်ကျောင်းသား၊ ကျောင်းသူများသည် နံနက် ၅ နာရီခွဲတွင် တာမွေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်  ကာယပညာသိပ္ပံ၊ ကျိုက္ကဆံ အားကစားကွင်း ပတ်လမ်းတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံး ကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ၁၀ ပေ အကွာတွင် နေရာယူ၍ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းစုပေါင်းလှုပ်ရှား မှုများ  ပြုလုပ်သည်။  


အလားတူ တိုင်း ဒေသကြီးအတွင်း   မြို့နယ်အလိုက်   ရပ်ကွက်အလိုက် ဒီဇင်ဘာအားကစားလ   စုပေါင်း                   လမ်းလျှောက်ပွဲများကို    ဆင်နွှဲကြ ကြောင်း သိရသည်။                       

                  

                ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ