နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသည်တင် ဘတ်စ်ကားအစီးရေ ၆၀၀ ထုတ်လုပ်နိုင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ   ရန်ကုန်စက်မှုဇုန်တွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြစ် သည့် SC Auto (Myanmar) Co.,Ltd. က SC NEUSTAR တံဆိပ် ခရီးသည်တင် ဘတ်စ်ကား အစီးရေ ၆၀၀ ကို CKD (Complete  Knocked–Down) စနစ်ဖြင့် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန  (MIFER) က သိရသည်။


SC Auto (Myanmar)ကုမ္ပဏီ သည် SC NEUSTAR တံဆိပ်ခရီးသည် တင်ဘတ်စ်ကားများကို CKD စနစ်ဖြင့် ထုတ်လုပ်ပြီး  ထုတ်လုပ်မှု၏  ၅၀ ရာခိုင်နှုန်းကို အာဆီယံနိုင်ငံများသို့ တင်ပို့ရန် ပြင်ဆင်ဆောင်ရွက်နေသည်။


ယင်းစက်ရုံကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏  ခွင့်ပြုမိန့်ဖြင့် ၂၀၁၉ ခုနှစ် မေ ၂၈ ရက်က ဖွင့်လှစ်ခဲ့ပြီး စင်ကာပူနိုင်ငံမှ ရာခိုင်နှုန်းပြည့် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားကာခရီးသည်တင် မော်တော်ယာဉ်များတပ်ဆင် ထုတ်လုပ် ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။


စက်ရုံစတင်ဖွင့်လှစ်ချိန်က  မော် တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း များကို ကော်မရှင်အနေဖြင့် Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး  CKD စနစ်ဖြင့် ပြောင်းလဲထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်သည်။


ယင်း SC Auto စက်ရုံကို မြန်မာ နိုင်ငံ   ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်ရရှိခဲ့သည့်  ၂၀၁၅ ခုနှစ်မှ စတင်ကာ  ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ကုန်ကြမ်းများနှင့်    နည်းပညာကို ဥရောပနိုင်ငံများမှရယူ၍ လုပ်ငန်းစတင် လည်ပတ်သည့် ၂၀၁၉ ခုနှစ် မေလတွင် ဘတ်စ်ကားသုံးစီး ထုတ်လုပ်သည်။                


                          မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ