နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးနယ်နိမိတ်အတွင်းဆက်သွယ်ရေးလုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုသည့်အခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ် အတွင်း မြို့ပြဖိုင်ဘာကွန်ရက်(Metropolitan Fiber Network)Cable တည်ဆောက်ခြင်း  လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြေပေါ်မြေအောက်ဆက်သွယ်ရေးလုပ်ငန်း (Last Mile)သဘောတူစာချုပ်  ချုပ်ဆိုခြင်း အခမ်းအနားကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးဆက်သွယ် ရေးကွန်ရက်ကြီးကြပ်မှုကော်မတီဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  တင်ဒါအောင်မြင်သော ကုမ္ပဏီများကတာဝန်ရှိသူများတက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က   ရန်ကုန်တိုင်းဒေသကြီး၏  ဆက်သွယ်ရေးလုပ်ငန်းများတွင် လက်ရှိ သွယ်တန်းထားရှိသော  ဖိုင်ဘာကြိုး များမှာ ရှုပ်ထွေးနေခြင်း၊  သွယ်တန်းသည့် ကြိုးစများသည်  ဖုန်းတိုင်၊ ဓာတ်တိုင် များ၏  အောက်ခြေတွင် စုပုံချည်နှောင် ထားရှိခြင်းတို့ကြောင့်   မြို့တော်အင်္ဂါ ရပ်နှင့်မညီညွတ်ဘဲ   အမြင်မတင့် တယ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးတာဝါတိုင် များတည်ဆောက်ခြင်း၊ ဖိုင်ဘာကြိုး များ   သွယ်တန်းခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် တရားမဝင် သွယ်တန်းခြင်း၊  စိုက်ထူခြင်းများမရှိ စေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်  ၄၄  မြို့နယ်တွင် နေထိုင်သောမြို့နယ်အလိုက် လူဦးရေ ၏ မိုဘိုင်းဒေတာ(အင်တာနက်)သုံးစွဲ မှုကို အခြေခံ၍ ပညာရှင်များက ခွဲခြား ထားသည့် LOT ခြောက်ခုကို BOT စနစ်ဖြင့် ဆောင်ရွက်ရန် ၂၀၁၉  ခုနှစ် က တင်ဒါခေါ်ယူခဲ့ရာ ယှဉ်ပြိုင်ကြသည့် ကုမ္ပဏီ  ၃၆ ခုအနက် တင်ဒါစိစစ်ရေး အဖွဲ့က  ကုမ္ပဏီခြောက်ခုရွေးချယ်ခဲ့ ကြကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့်  စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိ သဖြင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏အကြံပြုချက်ရယူဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင်သဘောတူစာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ကြောင်း နှင့် လုပ်ငန်းများကို စာချုပ်ပါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာလုပ်ဆောင်သွားရန် လိုအပ် ကြောင်း ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် တင်ဒါအောင်မြင်ခဲ့သော လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီခြောက် ခုတို့မှတာဝန်ရှိသူများက  သဘောတူ လက်မှတ်ရေးထိုးကြသည်။


ယင်းနောက်  တိုင်းဒေသကြီး သယံဇာတရေးရာ  ဝန်ကြီး ဦးဇော်ဝင်း နှင့်လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီ များကိုယ်စား  ကိုယ်စားလှယ် တစ်ဦး တို့က ကျေးဇူးတင်စကား ပြောကြား ကြသည်။        ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ