နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး လီဝန်ဒေါစကီးကို စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိ

ဒီဇင်ဘာ ၁၁


ဘိုင်ယန်မြူးနစ်အသင်း သည် အသင်း၏ အဓိက တိုက် စစ်မှူးဖြစ်သည့် လီဝန်ဒေါစကီး ကို စာချုပ်သစ် ချုပ်ဆိုရန် ဆန္ဒ ရှိနေသည်။


အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် လက် ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းက နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ထပ်မံ ချုပ်ဆိုလိုခြင်းဖြစ်သည်။


လီဝန်ဒေါစကီးသည် ဘိုင် ယန်မြူးနစ်အသင်း၏ အားထား  ရသော  အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး အသင်းတွင်ပုံမှန် ခြေစွမ်းပြသနေကာ ယခု ရာသီ   ပြိုင်ပွဲစုံတွင်လည်း ၂၇ ဂိုးထိ   သွင်းယူပေးသည်။ လီဝန်ဒေါစကီးကို စာချုပ်သစ် ချုပ်ဆိုရန်အတွက် အလိုရှိနေ ခြင်းဖြစ်ပြီး လာမည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင်  ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။       

                             (သူရိန်)






အခြားဆက်စပ်သတင်းများ