နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီးရီးအေ၏ နိုဝင်ဘာလအကောင်းဆုံးကစားသမားဆု ကယ်ဟာနိုဂလူ ရရှိ

ဒီဇင်ဘာ ၁၁


စီးရီးအေ၏   နိုဝင်ဘာလ အကောင်းဆုံး ကစားသမား ဆုကို အင်တာမီလန်ကွင်းလယ် ကစားသမား ကယ်ဟာနိုဂလူ က ဆွတ်ခူးရရှိသည်။


စီးရီးအေအဖွဲ့ချုပ်သည် တစ်လတာအကောင်းဆုံး  ကစား သမားဆုကို ရွေးချယ်ရာတွင် တစ်လအတွင်း  နေရာအလိုက်  ကစားခဲ့သည့် စွမ်းဆောင်မှု များကို တွက်ချက်၍ ချီးမြှင့်ခြင်း ဖြစ်သည်။


“အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား  ကယ် ဟာနိုဂလူဟာ နိုဝင်ဘာလမှာ ပါဝင်ကစားပေးတဲ့ ပွဲစဉ်လေး ပွဲမှာ သွင်းဂိုး သုံးဂိုးထိ ရယူပေး နိုင်သလို ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးပါတယ်။ ကယ်ဟာ နိုဂလူရဲ့ အဝေးဖြတ်တင်ဘော တွေဟာ   တော်တော်လေးကို  ထိရောက်ပြီး  သူ့ရဲ့စွမ်းဆောင် ရည်ဟာ    သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရ ပါတယ်။ ခံစစ်ပိုင်း၊ ကွင်းလယ် နဲ့ တိုက်စစ်ချိတ်ဆက်တဲ့နေရာမှာ ကယ်ဟာနိုဂလူရဲ့ စွမ်းဆောင် ရည်က   တော်တော်လေးကို ကောင်းမွန်ပါတယ်။ဒါကြောင့် နိုဝင်ဘာလအတွက်       အကောင်း ဆုံးကစားသမားအဖြစ် ရွေးချယ် ခဲ့ခြင်း ဖြစ်ပါတယ်”ဟု စီးရီး အေအဖွဲ့ချုပ်က  တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ကယ်ဟာနိုဂလူသည် နိုဝင် ဘာလအတွင်း ယှဉ်ပြိုင်ကစား ခဲ့သော အင်တာမီလန် အသင်း ၏ပွဲစဉ်များတွင်    အသင်း အတွက် သွင်းဂိုးသုံးဂိုးသွင်းယူ ပေးနိုင်ပြီး ဂိုးဖန်တီးမှုတစ် ကြိမ်  ပြုလုပ်ပေးနိုင်ကြောင်း     သိရ သည်။                               (သူရိန်)






အခြားဆက်စပ်သတင်းများ