နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်မရွန်းတွင် လူမျိုးရေးအကြမ်းဖက်မှု ၂၂ ဦး သေဆုံးကာ လူ ၃၀၀၀ ကျော် ထွက်ပြေး

ကီဂါလီ  ဒီဇင်ဘာ  ၁၁


မကြာသေးမီက ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများကြောင့် ကင်မရွန်းနိုင်ငံမြောက်ပိုင်းရှိ လူပေါင်း ၃၀,၀၀၀ ခန့်မှာ ချဒ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး  ၂၂ ဦးမှာ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။ ဒီဇင်ဘာ ၅ ရက်မှစပြီး တိုက်ပွဲများအတွင်း အနည်းဆုံးလူ ၂၂ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာအပြင်း အထန်ရခဲ့ကြောင်း UNHCR မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


ရေအရင်းအမြစ်များ လျော့နည်းလာခြင်းကြောင့် မွေးမြူရေး သမားများ၊ တံငါသည်များနှင့် လယ်သမားများအကြား အငြင်းပွားမှု ဖြစ်ပွားပြီးနောက် နယ်စပ်ရှိ အိုလူမာဆာရွာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 


ဒုက္ခသည်ဦးရေ၏ ၈၀ ရာခိုင်နူန်းမှာ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များအပါအဝင် အမျိုးသမီးများဖြစ်ကြောင်း၊ ၎င်းတို့မှာ နဒီဂျာမီနာနှင့် ချဒ်၏ လိုဂွန်းမြစ်ကမ်းဘေးရှိ ကျေးရွာ များတွင်ခိုလှုံနေကြရပြီး အကြမ်းဖက်မှုတွင် ဒဏ်ရာရသူများကို နဒီဂျာမီနာရှိ ဆေးရုံနှစ်ရုံသို့ ပို့ဆောင်ထားသည်။ 


ဩဂုတ်လတွင် စတင်ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှု ကြောင့် ၄၅ ဦးသေဆုံးပြီး ၂၃၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၎င်းတို့ထဲမှ ၈၅၀၀မှာ ယခုချိန်ထိ ချဒ်တွင် ကျန်ရှိနေသေးကြောင်းUNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။                                              (ref:BBC)






အခြားဆက်စပ်သတင်းများ