နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားတွင် စက်လှေနစ်မြုပ် သေဆုံးသူမြင့်တက်လာ

ကာနို  ဒီဇင်ဘာ  ၁၁


နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက် ပိုင်း ကာနိုပြည်နယ်တွင် ခရီးသည်တင် စက်လှေတစ်စင်း တိမ်းမှောက်ရာ အနည်းဆုံးလူ ၂၉ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်များက ဒီဇင်ဘာ ၁၀ ရက်တွင် အတည်ပြု ပြောကြားသည်။ 


အဆိုပါ ခရီးသည်တင်စက်လှေ သည် ပြီးခဲ့သည့်  ဒီဇင်ဘာ ၉ ရက်က ဘဂါဝီမြစ်အတွင်း တင်ဆောင်နိုင်သည် ထက်ပိုကာ တင်ဆောင်လာသဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရက် အနည်းငယ်ကြာသည်အထိ သေဆုံးသူ များမှာ ပျောက်နေသဖြင့် အတည်ပြု နိုင်ခြင်းမရှိခဲ့ကြောင်း ကာနိုပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြော သည်။  


အဆိုပါ စက်လှေပေါ်တွင် ခရီးသည် ၅၀ ထက်မနည်းလိုက်ပါလာကာ ကာနို ပြည်နယ်အုပ်ချုပ်ရေးမှူး အဗ္ဗဒူလာဟီ အူမာဂန်ဒူဂျီ၏ ကနဦးထုတ်ပြန်ချက် တွင် သေဆုံးသူ ၂၀ ဦးထိရှိပြီး  ခုနစ်ဦး ကို ဆေးရုံတင်ထားကြောင်း ပြောကြား ထားသော်လည်း လက်ရှိတွင် သေဆုံး သူဦးရေ မြင့်တက်လာနေသည်။ 


အဆိုပါ စက်လှေသည် ဟိုင်းဘဒေါ မြို့မှ ဘဂါဝီမြို့သို့ လူ ၅၀ ဝန်းကျင် ခန့်ကို မွတ်ဆလင်ပွဲတော်သို့သွားရန် တင် ဆောင်လာခြင်းဖြစ်ပြီး အများစုမှာ စာသင်ကျောင်းမှ ကျောင်းသားငယ် များဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ စက်လှေများတွင်သတ်မှတ် ဝန်ထက် ပိုမိုတင်ဆောင်သည့်ကိစ္စကို အလေးအနက်ထားကြရန် စက်လှေ သမားများကို တာဝန်ရှိသူများက တိုက်တွန်းထားသည်။          (ref:BBC)






အခြားဆက်စပ်သတင်းများ