နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စျေးကွက်လက်ဝါးကြီးအုပ်မှုဖြင့် Amazon ကိုယူရို ၁ ဒသမ ၁ ဘီလီယံ ဒဏ်ရိုက်

ရောမ  ဒီဇင်ဘာ  ၁၁


စျေးကွက်အတွင်း အင်အားကြီးမား မှုကို အလွဲသုံးစားပြုကာ စျေးကွက် လက်ဝါးကြီးအုပ်နေသော Amazonကို ယူရိုပေါင်း ၁ ဒသမ ၁ ဘီလီယံ ဒဏ်ရိုက်လိုက်ကြောင်း အီတလီအစိုးရ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။ 


တာဝန်ရှိသူများ၏ ထုတ်ပြန်ချက် အရ Amazon သည် ပြိုင်ဘက်များ၏ လူမှုကွန်ရက်သုံး စီးပွားရေးလုပ်ငန်း များကိုထိခိုက်စေကြောင်း ဖော်ပြထား ခြင်းဖြစ်သည်။ 


Amazon သည် အီတလီနိုင်ငံ၏ စျေးကွက်တွင် အသာစီးရနေသည့် နေရာကိုရယူထားပြီး ယင်း၏ ကုန်စည် ပို့ဆောင်ရေးကို အကြောင်းပြကာ ငွေချေးယူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အခြားလုပ်ငန်းငယ် ပြိုင်ဘက်များ၏  ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို ထိခိုက်နစ်နာစေကြောင်း ဖော်ပြထား သည်။ 

ယင်းကဲ့သို့ ဒဏ်ရိုက်မှုအပေါ် Amazon အနေဖြင့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။      (Ref:AFP)






အခြားဆက်စပ်သတင်းများ