နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်အကူအညီဖြင့် အီကွေဒေါရေအားလျှပ်စစ်စီမံကိန်း စတင်ထုတ်လုပ်

ပေကျင်း  ဒီဇင်ဘာ  ၁၁


တရုတ်ဟိုက်ဒရို လျှပ်စစ်စီမံကိန်း အကူအညီဖြင့် တောင်အမေရိက တိုက်ရှိ အီကွေဒေါနိုင်ငံတွင် သန့်ရှင်း သော စွမ်းအင်ထုတ်လုပ်ရေးကို စတင် ဆောင်ရွက်နေပြီဖြစ်သည် ။ 


အီကွေဒေါနိုင်ငံ၏ မြို့တော်ဖြစ် သည့် ကွီတိုမြို့အနီးရှိ ကျူဘုန်းစ်မြစ် ကမ်းနားတွင်တည်ရှိသော Minas San Francisco Hydroelectric Station သည် အီကွေဒေါနိုင်ငံတွင် တတိယ အကြီးဆုံး ဓာတ်အားထုတ်လျှပ်စစ်ရုံး ဖြစ်ကြောင်း စီမံကိန်းဒုတိယအထွေထွေ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင် နေသည့် ဒူဇုန်လီယန်းက ပြောသည်။ 


ယင်းစီမံကိန်းကို တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Harbin Electric International က တာဝန်ယူတည် ဆောက်ခြင်းဖြစ်ပြီး ဒေသအတွင်း အရေးပါသည့် ရေထိန်းသိမ်းရေး စီမံကိန်းတစ်ခုဖြစ်ကာ အီကွေဒေါနိုင်ငံ ၏ သန့်ရှင်းသောစွမ်းအင်သို့ ပြောင်းလဲ ရေးတွင် ခြေလှမ်းအစဖြစ်ကြောင်း မစ္စတာလီယန်းက ဆိုသည် ။ 


စီမံကိန်း ဆောက်လုပ်ချိန်တွင် အကြီးမားဆုံးစိန်ခေါ်မှုမှာ ၁၄ ကီလို မီတာရှည်သည့် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ခြင်းနှင့် မီတာပေါင်း ၄၅၀ နက်သည့် တိုင်နှစ်တိုင်အတွက် မြေအောက်တူးဖော်ရခြင်းများ ဖြစ် ကြောင်း၊ ဘူမိဗေဒဆိုင်ရာအခက်အခဲ များစွာရှိသည့်အနက် တရုတ်ကုမ္ပဏီ သည် စီမံကိန်းကို ၈ နှစ်အတွင်း ပြီးဆုံး အောင် တည်ဆောက်နိုင်ခဲ့ကြောင်း Minas San Francisco Hydroelectric Station ၏ အကြီးဆုံးအုပ်ချုပ်သူဖြစ် သည့် ဝီလီယံဘာစီနေးစ်က ပြောသည်။  အဆိုပါလျှပ်စစ်ရုံးမှ အီကွေဒေါနိုင်ငံတွင်း ဓာတ်အားလိုင်း၏ လျှပ်စစ်ဓာတ်အား ပမာဏပေါင်း ၅ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ပြီး အိမ်ထောင်စု ပေါင်း ၆၂၀၀၀၀ အတွက် ဓာတ်အား ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ