နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျီဟတ်စစ်သွေးကြွများကို နှိမ်နင်းစစ်ဆင်အကြမ်းဖက်သမားအများအပြားကို သုတ်သင်

နီအေမီ   ဒီဇင်ဘာ  ၁၁


ဘာကီနာဖာဆိုနှင့် အိမ်နီးချင်း နိုင်ဂျာစစ်တပ်နှစ်ခုပေါင်းကာ ဂျီဟတ် စစ်သွေးကြွများကို တိုက်ခိုက်သည့် ပူးပေါင်းစစ်ဆင်ရေးတစ်ခုတွင် အကြမ်း ဖက်သမား ၁၀၀ ခန့်ကို သတ်ဖြတ် သုတ်သင်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ပြောကြားလိုက် သည်။ 


အဆိုပါ စစ်ဆင်ရေးကာလဖြစ်သည့် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အတွင်း အကြမ်းဖက်သမား ၁၀၀ ခန့်ကိုသုတ်သင်နိုင်ခဲ့ပြီး သံသယ ဖြစ်ဖွယ် လူ ၂၀ ဝန်းကျင်ကို ဖမ်းဆီး ထားကြောင်း ၎င်းတို့၏ ပူးတွဲထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 


ထို့ပြင် စစ်ဆင်ရေးအတွင်း စခန်း နှစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး လမ်းဘေး  မိုင်းခွဲတိုက်ခိုက်ခံရမှုအတွင်း ဘာကီနာဖာဆို တပ်ဖွဲ့ဝင်လေးဦး အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  


နှစ်ဘက်စလုံး ခြေလျင်တပ်ဖွဲ့များ အသုံးပြုခဲ့ပြီး စစ်ဆင်ရေးအတွင်း ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး အတွက် လေယာဉ်ကို အသုံးပြုခဲ့ ကြောင်း၊ စစ်ဆင်ရေးဌာနချုပ်မှာ နိုင်ဂျာအနောက်ပိုင်း တီလာဘာရီတွင် ဖြစ်သည်။ 


ဌာနချုပ်တည်ရှိရာ တီလာဘာရီ သည် နိုင်ဂျာ၊ ဘာကီနာဖာဆိုနှင့် မာလီတို့ သုံးနိုင်ငံနယ်နိမိတ်များဆုံရာ အချက်အချာဇုန်ဖြစ်သည့် တြိဂံနယ်စပ် ဧရိယာတွင် တည်ရှိသည်။   (Ref:AFP)






အခြားဆက်စပ်သတင်းများ