နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်းတွင်းမြို့နယ်တွင် ရထားသံလမ်း မိုင်းထောင်ဖောက်ခွဲခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း မြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်၍ ရထား သံလမ်းအား ယမန်နေ့ နံနက်ပိုင်းက မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးလိုက်သည်။ 


ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာ အနီးရှိ ရန်ကုန်-မန္တလေး မီးရထားလမ်း တံတားအမှတ် ၆၉၁ အနီး သပြေတောင်းဘူတာနှင့် စမုံဘူတာ ကြား ၌ ရထားလမ်းအား အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ (စိစစ်ဆဲ)က မိုင်းထောင်၍ ဖောက်ခွဲ ဖျက်ဆီးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲ မှုကြောင့် အဆိုပါရထားသံလမ်း နှစ်ပေ ခန့်ပျက်စီးခဲ့ကာ ရထားသွားလာမှု ပြတ်တောက်လျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ပြန်လည် ပြုပြင်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ