နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်သုံးဆီအရောင်းဆိုင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မန္တလေး ဒီဇင်ဘာ၁၀


မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံ အလုပ်ရုံများ၊ဈေးများ၊စက်သုံးဆီအရောင်းဆိုင် များကို ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၈ရက် နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ် ကွက်၊၃၅လမ်းနှင့်၅၂လမ်းထောင့်ရှိ BOCစက်သုံးဆီအရောင်းဆိုင်ကို မြို့နယ် မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ဦးညွန့်ဝင်း အောင်နှင့် ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ များ ပါဝင်သောအဖွဲ့သည် မီးဘေးလုံခြုံရေး ဆိုင်ရာ စီမံချက်များဆောင်ရွက်ထားမှု၊ လောင်စာ ဆီသိုလှောင်ကန်များ  စနစ်တကျထားရှိမှု၊ မတော်တဆ မီးလောင်မှု ဖြစ်ပွား ပါက အသုံးပြုရန် အပေါ့စား မီးသတ် စက် ထားရှိခြင်း ရှိ၊မရှိတို့ကို သွားရောက် စစ်ဆေး ပြီး စက်သုံး ဆီအရောင်းဆိုင် မန်နေဂျာနှင့်ဝန်ထမ်းများကို အကြံပြုဆွေးနွေး ပြောကြားသည်။                             

 မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ