နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

ဆီဆိုင် ဒီဇင်ဘာလ ၁၀


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ -၂၀၂၂၊ ခြောက်လတာ ဘဏ္ဍာ ရေးနှစ်အတွင်းကျေးလက် နေပြည်သူ များ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား လာစေပြီး ဆင်းရဲမှု လျှော့ချနိုင်ရန် မြစိမ်း ရောင်ကျေးရွာစီမံကိန်း လည်ပတ် ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန် နေ့ နံနက်ပိုင်းက နောင်ဘိုကျေးရွာနှင့် ပင်လွန်ကျေးရွာတို့တွင် ကျင်းပသည်။


ရှေးဦးစွာဆီဆိုင် မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများသည် ပင်လွန် ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန် အသင်းသူ/သား ၆၃ ဦးကို လည်ပတ် ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ကိုလည်းကောင်း၊ နောင်ဘိုကျေးရွာ တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ် ကိုင်ရန် အသင်းသူ/သား ၇၆ဦးကို လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ  ထုတ်ချေးပေးသည်။ 


ဆီဆိုင်မြို့နယ်တွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိစုစုပေါင်း ကျေးရွာယူနစ် ၅၅ ယူနစ်၊ ကျေးရွာ ပေါင်း ၇၄ ရွာတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။                                    

မောင်ခိုင်






အခြားဆက်စပ်သတင်းများ