နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းကိုကျူးကျော်လျှင် ကမ္ဘာစစ်နှင့်သဏ္ဌာန်တူသော ပဋိပက္ခများဖြစ်နိုင်ဟု ရုရှားကို ဗြိတိန်သတိပေး

လန်ဒန်   ဒီဇင်ဘာ  ၁၀

 

ယူကရိန်းကို အင်အားအပြည့်အဝဖြင့်ကျူးကျော်ပါက ဒုတိယကမ္ဘာ စစ်နှင့်အလားတူသော ပဋိပက္ခဖြစ်ပွားနိုင်ကြောင်း ဗြိတိန်လက်နက်ကိုင်တပ်များ၏ အကြီးအကဲက ရုရှားကို သတိပေးပြောကြားလိုက်သည်။  


ယနေ့ခေတ်လုံခြုံရေးအခြေအနေသည် လွန်ခဲ့သော နှစ် ၃၀ အချိန်များထက် ပိုမိုရှုပ်ထွေးအန္တရာယ်များနေကြောင်း            တရုတ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားတို့၏ စိန်ခေါ်မှုများကိုရည်ညွှန်းပြီး ဗြိတိန်ရေတပ်ဗိုလ်ချုပ်ကြီး တိုနီရာဒါကင်က ပြောသည်။ 


ယူကရိန်းနယ်စပ်တွင် ရုရှားတပ်သား ၉၀၀၀၀ ကိုဖြန့်ချထားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းမှာ  အလေးအနက် စိုးရိမ်စရာကောင်းကြောင်း ယင်းက ပြောကြားခြင်းဖြစ်သည်။ 


ယူကရိန်းကိုကျူးကျော်ရန် ရုရှားသမ္မတ ပူတင်က ဆုံးဖြတ်လိုက်ပါက ရုရှားစစ်သား အများအပြားသေဆုံးမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလီဘာကလည်း ပြောကြားထားပြီး ရုရှားသမ္မတ ပူတင်အနေဖြင့်လည်း ယင်းကဲ့သို့ ဖြစ်စေလိုမည်မထင်ကြောင်း ပြောကြားထားသည်။ ရုရှားကမူ ယင်းသတိပေးချက်ကို စွပ်စွဲချက်အဖြစ် ငြင်းဆိုထားသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ