နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

ကျောက်ဖြူ   ဒီဇင်ဘာ   ၉


ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂  ခြောက်လ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ကင်းမြောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်−၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်က       ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ မူဝါဒရည်ရွယ်ချက်များကို ရှင်းလင်းပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာသူ၊        ကျေးရွာသားများလိုက်နာရမည့်တာဝန်များ၊ ခံစားပိုင်ခွင့်များကို အသေးစိတ်ရှင်းလင်းသည်။


ကျောက်ဖြူမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ လေးရွာ၌ ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာလူထုထည့်ဝင်ငွေများ ဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို  ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်     ရမည်ဖြစ်သည်။                              

          ဖြိုးလေး ( ကျေးလက် )






အခြားဆက်စပ်သတင်းများ