နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည်းကူး၌ အခြေခံမော်တာစက်ချုပ် အခမဲ့သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်    ဒီဇင်ဘာ   ၉


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အလုပ်အကိုင်အခွင့်အလမ်း နှင့် တစ်ပိုင်တနိုင်လုပ်ငန်းများ လုပ်ကိုင် နိုင်ရန်ရည်ရွယ်ပြီး အခမဲ့ဖွင့်လှစ်သင်ကြား သည့် အခြေခံမော်တာစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ကလီထော်ကျေးရွာ၌ ကျင်းပ သည်။


သင်တန်းဆင်းပွဲတွင် မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းက သင်တန်း ဆင်းအမှာစကားပြောကြားပြီး တာဝန် ရှိသူများက သင်တန်းသူများကို သင်တန်း ဆင်းလက်မှတ်များပေးအပ်သည်။


အဆိုပါသင်တန်းသို့ ကလီထော် ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး မော်တာစက်ဖြင့် အခြေခံစက်ချုပ်နည်း အဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့ တစ်လကြာသင်ကြားပေးသည်။

လှည်းကူး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ