နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင်မိသားစု ထမင်းအဝစား ကျပ် ၅၀၀ ဖြင့် ရောင်းချပေး

 ရန်ကုန် ဒီဇင်ဘာ ၈


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင် မြို့နယ် အောင်ချမ်းသားရပ်ကွက်     ဘုရင့်နောင်လမ်းမကြီး(ရွှေကံကော်) လက်ဖက်ရည်ဆိုင် ဘေးလမ်း ခေမာရာ မကျောင်းအနီး ဦးအုန်းနောင်လမ်းသွယ် (၁) အမှတ် ၃၂ တွင် ဒီဇင်ဘာ ၇ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ သန်လျင်မိသားစုက ထမင်းအဝစား ကျပ် ၅၀၀ ဖြင့် စတင်ရောင်းချပေးနေ သည်။


သန်လျင်မိသားစုက ထမင်းအဝစား ကျပ် ၅၀၀ ဖြင့် အပတ်စဉ် တနင်္လာမှ သောကြာအထိ အများပြည်သူစားသုံး နိုင်သည့် ဟင်းလျားများသော ကြက် သား၊ အချဉ်ဟင်း၊ ငါးပိရည်တို့စရာတို့ ဖြင့် စုံလင်စွာ ရောင်းချပေးနေသည်။


 "လိုအပ်လျှင်ကူညီမယ်"လူမှုပရ ဟိတ အဖွဲ့က ခုနစ်ရက်သားသမီး များထံမှ ကောက်ခံရရှိသောအလှူငွေ များနှင့် ပံ့ပိုးကူညီပေးခဲ့ပြီး ပရဟိတ အဖွဲ့နှင့် Volunteers များက ပူးပေါင်း ကူညီဆောင်ရွက်ပေးသည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ