နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

တန့်ယန်း    ဒီဇင်ဘာ     ၈


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ခရိုင်၊ တန့်ယန်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ခြောက် လတာကာလတွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်မည့် ဟာပွတ် ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ ဘုန်းတော် ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပသည်။


မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက ဟာပွတ် ကျေးရွာ မြစိမ်းရောင်စီမံကိန်းပထမ အကြိမ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၁ ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၁၆ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် သူတစ်ဦး၊ စုစုပေါင်း အသင်းသား ၃၈ ဦးအား စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ ကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီထုတ် ချေးပေးခြင်းဖြစ်သည်။   

သန်းလွင်(မကွေး)






အခြားဆက်စပ်သတင်းများ