နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

မိုးညှင်း   ဒီဇင်ဘာ     ၈


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဦး၊ မိုးညှင်းခရိုင်ဦးစီးမှူး ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများ သည်အုတ်ကျင်းကျေးရွာ၊ ဆားမှော် ကျေးရွာ၊ နန့်လှိုင်ကျေးရွာနှင့်မရမ်း ကျေးရွာတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။


ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် အုတ်ကျင်း ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆားမော် ကျေးရွာတွင် ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်နေမှုများ ကြည့်ရှုစစ် ဆေးသည်။  ချိုသန်းညွန့် (ကျေးလက်)






အခြားဆက်စပ်သတင်းများ