နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည့် ပီအက်စ်ဂျီ

ဒီဇင်ဘာ ၈


ချန်ပီယံလိဂ်အုပ်စု A ၏ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ပီအက်စ်ဂျီနှင့် ဘရုဂေးအသင်းတို့ ယနေ့ နံနက်အစော ပိုင်းက Parc des Princes ကွင်း၌ ယှဉ်ပြိုင်ကစားရာ ပီအက်စ်ဂျီအသင်းက လေးဂိုး၊ တစ်ဂိုးဖြင့် ဘရုဂေးအသင်းကို အနိုင်ရရှိသည်။


ပထမပိုင်း ပွဲကစားချိန် ၂ မိနစ်နှင့် ၇ မိနစ်မှာပင် တိုက်စစ်မှူး အမ်ဘတ်ပီက ပီအက်စ်ဂျီအသင်းအတွက် ဦးဆောင် ဂိုးများကို သွင်းယူပေးသည်။


ပီအက်စ်ဂျီအသင်းအတွက် တတိယ မြောက်ဂိုးကို မက်ဆီက သွင်းယူပေးပြီး ပထမပိုင်းကို  သုံးဂိုး၊  ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်သည်။


ဒုတိယပိုင်းတွင် ဘရုဂေးအသင်း ဂိုးရရှိရန် ကြိုးပမ်းခဲ့ပြီး ပွဲချိန် ၆၈ မိနစ် တွင် ရတ်စ်က ချေပဂိုးတစ်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်း အတွက် စတုတ္ထမြောက်အနိုင်ဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် မက်ဆီက ပင်နယ် တီမှတစ်ဆင့် အမှားအယွင်းမရှိ သွင်းယူ ပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပီအက်စ်ဂျီအသင်းက လေးဂိုး၊ တစ်ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။


ပီအက်စ်ဂျီအသင်းသည် ရမှတ် ၁၁ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ဘရုဂေးအသင်းက ရမှတ် ၄ မှတ်ဖြင့် စတုတ္ထနေရာတွင် ရပ်တည်ကာ အုပ်စု အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။


အခြားချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သည့် လိုက်ပ်ဇစ်နှင့် မန်စီးတီးအသင်းတို့၏ ပွဲစဉ်တွင် လိုက်ပ်ဇစ်အသင်းကနှစ်ဂိုး၊ တစ်ဂိုးဖြင့် မန်စီးတီးအသင်းကိုအနိုင် ရရှိပြီး  လိုက်ပ်ဇစ်အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၄ မိနစ်တွင် ဆိုဘို ဆလိုင်းနှင့် ၇၁ မိနစ်တွင် အန်ဒရီ ဆေးလ်ဗားတို့က   သွင်းယူပေးခဲ့ရာ မန်စီးတီးအသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို ပွဲချိန် ၇၆ မိနစ် တွင် မာရက်ဇ်က သွင်းယူပေးသည်။


မန်စီးတီးအသင်းသည် ရမှတ် ၁၂ မှတ်ဖြင့်  အုပ်စုပထမနေရာတွင် ရပ်တည်ကာ  နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီး   လိုက်ပ်ဇစ်အသင်း က ရမှတ် ၇ မှတ်ဖြင့် အုပ်စု တတိယ နေရာတွင်သာ ရပ်တည်နိုင်သည်။                                   

                                       

                                       (သူရိန်)






အခြားဆက်စပ်သတင်းများ