နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မေလအတွင်း လဝက်ကာလ မတ်ပဲ RC တစ်တန် ကျပ်ခြောက်သောင်းကျော်ဈေးကျပြီးမှ အနည်းငယ်ပြန်ဈေးတက်

ရန်ကုန်   ဇွန်  ၁


၂၀၂၀ မေလ၂၈ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ RC တစ်တန် ၉၂၅၀၀၀ ကျပ်၊ မတ်ပဲ SQ/RC တစ်တန် ၉၈၅,၀၀၀ ကျပ်၊ ပဲစင်းငုံနီ RC တစ်တန် ၇၄၂၀၀၀ ကျပ်နှုန်းအသီးသီးရှိသည်ဟု ပဲဈေးကွက်မှသိရသည်။


သို့သော်‌ မေလ ၂၉ ရက်တွင် ဈေးအနည်းငယ်ပြန်တက်လာရာ မေလ ၃၀ ရက်တွင်မူ မတ်ပဲ RC တစ်တန် ၉၄၉,၀၀၀ ကျပ်၊ မတ်ပဲ SQ/RC တစ်တန် ၁၀၀၉,၀၀၀ ကျပ်၊ ပဲစင်းငုံနီ RC တစ်တန် ၇၅၅,၀၀၀ ကျပ်နှုန်းရှိလာ သည်ဟု နေ့စဉ်ပဲဈေးကွက်ဈေးနှုန်းများအရ သိရသည်။


၂၀၂၀ ပြည့်နှစ်အတွင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် မတ်ပဲ RC တစ်တန် ၁၁၁၄,၀၀၀ ကျပ်နှုန်း မတ်ပဲ SQ/RC တစ်တန် ၁၂၁၄,၀၀၀ ကျပ်နှုန်းဖြင့်‌ ဈေးနှုန်းအမြင့်ဆုံးအဖြစ်ရှိခဲ့သည်။ မေလ ၁၄ ရက်တွင် မတ်ပဲ RC တစ်တန် ၉၈၈,၀၀၀ ကျပ်၊ မတ်ပဲ SQ/RC တစ်တန် ၁၀၈၃,၀၀၀ ကျပ်၊ ပဲစင်းငုံနီ RC တစ်တန် ၇၈၀,၀၀၀ ကျပ်နှုန်း အသီးသီးရှိခဲ့သည်။


သို့ဖြစ်ရာ ရန်ကုန်ပဲဈေးကွက်၏ မေလအတွင်းလဝက်အကြာ မတ်ပဲ RC တစ်တန် ၆၃၀၀၀ ကျပ် ဈေးကျ လာသည်။ ပဲစင်းငုံမှာမူ တစ်တန်လျှင် ၃၈၀၀၀ ကျပ်ဈေးကျသည်။ အိန္ဒိယနိုင်ငံမှ ၂၀၂၀-၂၀၂၁ အတွက် မတ်ပဲ တန်ချိန်လေးသိန်းဝယ်ယူမည်ဟု သတင်းထုတ်ပြန်ထားသည်။ 


၂၀၂၁ မတ်လအထိ ယင်းတန်ချိန်ကို တင်သွင်း နိုင်သည်ဟုအသိ‌ပေးခဲ့သော်လည်း ‌မေလ ၂၂ ရက်တွင်မူ သုံးလအတွင်းအပြီးတင်ပို့ရမည်ဟု အိန္ဒိယနိုင်ငံ ဘက်မှပြောင်းလဲသတ်မှတ်လာသည်။

မတ်လအတွင်း ရန်ကုန်ပဲဈေးကွက်တွင် နေ့စဉ်မတ်ပဲ RC ကုန်သေတ္တာအလုံး ၁၀၀ ဝန်းကျင်အ‌ရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုရက်များတွင် ကုန်သေတ္တာအနည်းငယ်သာ‌နေ့စဉ်အရောင်းအဝယ်ဖြစ်သည်ဟုသိရသည်။


မေလ ၂၆ ရက်မှ ၃၀ ရက်အထိ ငါးရက်တာကာလအတွင်း စုစု‌ပေါင်း မတ်ပဲ RC ကုန်သေတ္တာ ၉၅ လုံးသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ ၃၀ တွင်မူ ၅ လုံးသာအရောင်းအဝယ်ဖြစ်သည်ဟု သိရသည်။ ပြည်ပပို့ FAQ တစ်တန်ဈေးများမှာ‌ မေလ ၁၄ ရက်တွင် မတ်ပဲ RC ၂၀၂၀ နှစ်ထွက် ၇၁၀-၇၃၀ ဒေါ်လာ၊ ပဲစင်းငုံနီ RC ၂၀၂၀ နှစ်ထွက် ၅၇၀ - ၅၉၀ ဒေါ်လာနှုန်းရှိခဲ့သော်လည်း မေလ ၂၈ ရက်တွင်မူ ၂၀၂၀ ပြည့်နှစ်ထွက် မတ်ပဲ RC ၆၅၀-၆၇၀ ဒေါ်လာ၊ ၂၀၂၀ ပြည့်နှစ်ထွက် ပဲစင်းငုံနီ RC ၅၅၀-၅၇၀ ဒေါ်လာနှုန်းသို့ အသီးသီး ဈေးနှုန်းကျဆင်းလာသည်ဟု သိရသည်။


(မိုးပွင့်သူ)






အခြားဆက်စပ်သတင်းများ