နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းကို ထိုးစစ်ဆင်ရန် ရုရှားက တပ်ဖွဲ့ဝင် သိန်းချီ စီစဉ်နေဟု ဆို

ဝါရှင်တန်    ဒီဇင်ဘာ   ၆


ရုရှားသည် ယူကရိန်းအပေါ် စစ်ရေးအရထိုးစစ်ဆင်မှုကို လာမည့် နှစ်အစောပိုင်းတွင်ပြုလုပ်ရန် တပ်ဖွဲ့ဝင် ၁၇၅၀၀၀ ဖြင့် စီစဉ်နေကြောင်း ဒီဇင်ဘာ ၅ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။ 


အမေရိကန် အရာရှိများနှင့် ထောက်လှမ်းရေး စာရွက်စာတမ်းကို ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့ရာတွင် အဆိုပါစစ်ဆင်ရေး သည် တပ်ဖွဲ့ဝင် ၁၇၅,၀၀၀ ပါဝင်သော ဘက်စုံထိုးစစ်တစ်ခုဆိုသည်မှာ ဖြစ်နိုင် ကြောင်း ဖော်ပြထားသည်။ 

 

ရရှိထားသော ထောက်လှမ်းရေး စာရွက်စာတမ်းတွင် ရုရှားတပ်ဖွဲ့ဝင် များစုစည်းထားသည့် နေရာလေးခုကို ပြသထားပြီး ဂြိုဟ်တုဓာတ်ပုံများ အပါအဝင် ခွဲခြားမထားသောစာရွက် စာတမ်းအရ မော်စကိုသည်စစ်မြေပြင် နည်းဗျူဟာအဖွဲ့ ၅၀ အပြင် တင့်ကား များနှင့် အမြှောက်များကို နေရာချထား ကြောင်း သိရသည်။ 


အစောပိုင်းရက်များက ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ယူကရိန်း နယ်စပ်တွင် ရုရှားတပ်ဖွဲ့ဝင် ၉၄၀၀၀ နီးပါးတပ်ဖြန့်ထားပြီး မော်စကို အနေဖြင့် လာမည့်ဇန်နဝါရီလတွင် အကြီးအကျယ် ကျူးကျော်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးထားသည်။ 


ယူကရိန်းအပေါ် စစ်ရေးအရ ရန်လိုမှုအသစ်များမပြုရန် အမေရိကန် က ရုရှားကို သတိပေးထားပြီး သဘောတူထားသည့် ကတိကဝတ် များကိုဖြည့်ဆည်းရန် မော်စကို ကို တိုက်တွန်းခဲ့သည်။  


ထို့ပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဘိုင်ဒင်တို့ကြား အွန်လိုင်း တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကိုလည်း လာမည့်ရက် အနည်းငယ်အတွင်း ကျင်းပနိုင်ဖွယ်ရှိကြောင်း ရုရှားအရာရှိ တစ်ဦးက ပြောကြားထားသည်။


(Ref: AP)






အခြားဆက်စပ်သတင်းများ