နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်တွင် အိုမီခရွန်ဗိုင်းရပ် ကူးစက်ခံရသူ ၇၅ ဦး တွေ့ရှိ၊ ကူးစက်သူအားလုံး ကာကွယ်ဆေးထိုးပြီးသူများဖြစ်နေ

လန်ဒန်    ဒီဇင်ဘာ   ၆


အင်္ဂလန်တွင် အိုမီခရွန်မျိုးကွဲ နောက်ထပ်ကူးစက်ခံရသူ ၇၅ ခုကို ဖော်ထုတ်ခဲ့ပြီးနောက် မျိုးကွဲအသစ်၏ နောက်ဆက်တွဲ ကူးစက်မှုအများစုမှာ  ကာကွယ်ဆေးအပြည့်ထိုးထားသော လူများတွင်ဖြစ်ကြောင်း ကျန်းမာရေး အရာရှိများက အတည်ပြုသည်။   


ဗြိတိန် နိုင်ငံသားများအနေဖြင့် ခရစ္စမတ်ကို  ဖြစ်နိုင်သမျှ ပုံမှန်အတိုင်း ပျော်ရွှင်စွာ ဖြတ်သန်းစေလိုကြောင်း ပြောဆိုခဲ့ သော်လည်း အိုင်ယာလန်တွင် ဆီမီးလော့ခ်ဒေါင်းချရန် ဦးတည်နေပြီ ဖြစ်ကြောင်း အင်္ဂလန်ဝန်ကြီးချုပ်က ပြောသည်။ ယင်းဖြစ်ရပ်သည် ခရစ္စမတ် ပွဲများနှင့်အဆက်စပ်ရှိကြောင်း ပြော ခဲ့ပြီး လူများသည် ရာသီအလိုက်ပွဲ များကိုဖျက်သိမ်းရန် စဉ်းစားသည်မှာ မမှန်ကြောင်း၊ သူ့အစိုးရအနေဖြင့် နယ်စပ်ကို တင်းတင်းကြပ်ကြပ်ဆောင် ရွက်မှုများလုပ်နေကြောင်း ပြောကြား သည်။  


အိုင်ယာလန်တွင်  နိုက်ကလပ်များ၊ ဘားများနှင့် စားသောက်ဆိုင်များကို  ကန့်သတ်ချက်များ ချမှတ်ထားပြီး အိုမီခရွန် မျိုးကွဲပျံ့နှံ့မှုကို နှေးကွေး စေရန် အိမ်တွင်းရောနှောမနေကြဖို့ ကိုလည်း တားမြစ်ထားသည်။ 


အစိုးရကတ်ဘိနက်၏ ကိုဗစ် ကော်မတီမှ  ဝန်ကြီးများမှာ ကန့်သတ် ချက်များကို ထပ်မံထည့်သွင်းခြင်း ရှိ/မရှိ ဆုံးဖြတ်ရန် ဒီဇင်ဘာ ၆ ရက် မနက်အစောပိုင်းတွင် ဆုံတွေ့မည်ဖြစ် သည်။ 


ယနေ့တွေ့ရှိသည့် ကူးစက်မှု အသစ်များကြောင့် အင်္ဂလန်တွင် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရသူအရေ အတွက်မှာ စုစုပေါင်း ၁၀၄ ဦးထိရှိလာ ပြီး  ဗြိတိန်နိုင်ငံတစ်ခုလုံးတွင် ၁၃၄ ဦးထိရှိလာကြောင်း ဗြိတိန် ကျန်းမာရေးလုံခြုံရေး အေဂျင်စီ (UKHSA) မှ ပြောကြားလိုက်သည်။

(ref:BBC)






အခြားဆက်စပ်သတင်းများ