နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာမည်ကြီး ကားကုမ္ပဏီ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မက်ခ် စံအိမ်ကြီး ရောင်းချ

နယူးယောက်   ဒီဇင်ဘာ   ၆


နာမည်ကြီး ကားကုမ္ပဏီ Tesla ၏ အလုပ်မှုဆောင်အရာရှိချုပ် အီလွန်မတ်ခ်သည် လက်ရှိတွင် အိုးအိမ်မဲ့ဖြစ်နေကြောင်း သိရသည်။ ဟီလ်းဘိုရိုပ်၊ ကယ်လီဖိုးနီးယားရှိ ယင်း၏ စတုရန်းမီတာ ၁၆၀၀၀ ကျော်ကျယ်ဝန်းသည့် အိမ်ကြီးကို ကန်ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချ ပြီးနောက် Tesla ၏ အမှုဆောင် အရာရှိချုပ်တွင် နောက်ထပ်ကိုယ်ပိုင် အိမ်မရှိတော့ဘဲ အိုးအိမ်မဲ့ဖြစ်နေ ကြောင်း ယင်း၏တွစ်တာတွင်ရေးသား ထားသည်။  


အီလွန်မတ်ခ်၏အိမ်ကို ဝယ်ယူ သွားသူကိုမူ  အချက်အလက် ထုတ်ပြန် ထားခြင်းမရှိကြောင်း၊ အသက် ၅၀ အရွယ်ရှိပြီးဖြစ်သည့် အီလွန်မတ်ခ် သည် ကယ်လီဖိုးနီးယားရှိ ဧက ၄၇ အကျယ်ရှိသော အိမ်ခြံမြေသည် ယင်း ၏ နောက်ဆုံးပိုင်ဆိုင်မှုဖြစ်ကြောင်း ပြောသည်။ 


သက်တမ်းအနှစ် ၁၀၀ ရှိသော ကင်နီကော့တ်ဟု လူသိများပြီး ရောင်စုံ သမိုင်းရှိခဲ့သည့် အီလွန်မက်ခ်၏ စံအိမ်ကြီးမှာ ပြင်သစ်နိုင်ငံ၊ တော်ဝင် မင်းသားတစ်ဦးက ၁၉၁၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် စံအိမ်ကြီးလည်း ဖြစ်သည်။ 


ယင်းစံအိမ်ကြီးကို ဥရောပ ဆောက်လုပ်ဟန်ဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ထိုဒေသရှိ အကြီးဆုံး အိမ်ခြံများတွင်ပါဝင်ကာ အချက် အလက်များအရ အီလွန်မတ်ခ်သည် ယင်းအိမ်ကြီးကို ၂၀၁၇ ခုနှစ်တွင် ကန် ဒေါ်လာ ၂၃ ဒသမ ၄ သန်းဖြင့် ဝယ်ယူ ခဲ့ကြောင်း သိရသည်။   (Ref: Reuters)






အခြားဆက်စပ်သတင်းများ