နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု တစ်ဦး သေဆုံး ၄၁ ဦးဒဏ်ရာရ

ဂျကာတာ    ဒီဇင်ဘာ   ၆


အင်ဒိုနီးရှားနိုင်ငံတွင် စနေနေ့က ပေါက်ကွဲခဲ့သော ဆီမာရူး(Semeru) မီးတောင်ကြောင့် လူတစ်ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်ကပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ 


အဆိုပါ မီးတောင်မှ မီးခိုးများနှင့် ပြာမှုန်များသည် ရွာများကို ဖုံးလွှမ်းသွား ခဲ့သဖြင့် ရွာသားများမှာ ဘေးလွတ်ရာ သို့ထွက်ပြေးခဲ့ရကြောင်း သိရသည်။  


အာဏာပိုင်များက မျှဝေသည့် ဗီဒီယိုများနှင့် ဒေသဆိုင်ရာသတင်း ချန်နယ်များက ထုတ်လွှင့်သည့်ဗီဒီယို များတွင် အရှေ့ဘက်ဂျာဗားပြည်နယ်ရှိ မီးတောင်မှ မီးခိုးများနှင့် ပြာမှုန်များ ထုထည်ကြီးမားစွာ ထွက်လာစဉ် လူများပြေးလွှားနေသည်ကို ပြသသွား သည်။  


မိသားစု ၄၀၀ ခန့်ကို နီးစပ်ရာဒေသ များမှ ပြောင်းရွှေ့ခဲ့ကြရပြီး ကယ်ဆယ် ရေးသမားများရောက်ရန် ခက်ခဲသော နေရာများတွင် အနည်းဆုံး လူ ၁၀ ဦး ပိတ်မိနေသေးကြောင်း ပြောသည်။  အင်ဒိုနီးရှား သဘာဝဘေးလျော့ပါး သက်သာရေးအေဂျင်စီ (BNPB) ၏ ပြောကြားချက်အရ  မီးတောင်ဘေးမှ ရွှေ့ပြောင်းလာရသူများအတွက် စခန်း များဖွင့်လှစ်ထားကြောင်း သိရသည်။ 

(ref:BBC)






အခြားဆက်စပ်သတင်းများ