နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂရိနိုင်ငံပိုင်ကျွန်းပေါ်ရှိ ရွှေ့ပြောင်းအခြေချသူများကို ပုပ်ရဟန်းမင်းကြီး သွားရောက်တွေ့ဆုံ

အေသင်   ဒီဇင်ဘာ  ၆


ပုပ်ရဟန်းမင်းကြီး Francis သည် ဥရောပသို့ ရွှေ့ပြောင်းဝင်ရောက်လာသူ များကိုတွေ့ဆုံရန် ဂရိနိုင်ငံ၏ ကျွန်း တစ်ကျွန်းဖြစ်သည့် Lesbos ကျွန်းရှိ ဒုက္ခသည်စခန်းကို ဒီဇင်ဘာ ၅ ရက်က ဒုတိယအကြိမ် သွားရောက်ခဲ့ကြောင်း သိရသည်။ 


ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံများကို သွားရောက်မည့် ၅ ရက်ကြာခရီးစဉ် အတွင်း ပုပ်ရဟန်းမင်းကြီးအနေဖြင့် ရွှေ့ပြောင်းအခြေချလာသူများ၏ ဒုက္ခ၊ သုက္ခများကို အထူးအလေးပေးပြော ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် ဒုက္ခသည် ပြဿနာအမြင့်မားဆုံးဖြစ်ခဲ့ သည့် ၂၀၁၆ ခုနှစ်တွင်လည်း အဆိုပါ ကျွန်းပေါ်ကို လာရောက်လည်ပတ်ခဲ့ပြီး ဆီးရီးယား ဒုက္ခသည် ၁၂ ဦးကိုလည်း အပြန်ခရီးတွင် ခေါ်ဆောင်သွားခဲ့သည်။ 


Lesbos ကျွန်းပေါ်ရှိ Moria ဒုက္ခ သည်စခန်းတွင် လူဦးရေ ၂၀,၀၀၀ ခန့် နေထိုင်နေကြပြီး ယမန်နှစ်ကလည်း မီးလောင်ခဲ့သည့် ဒုက္ခသည်အရေး စမ်းတဝါးဝါးလုပ်နေသည့် ဥရောပကို Lesbos ကဲ့သို့ ကျွန်းငယ်အနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ပြရုပ်တစ်ခု ဖြစ်ခဲ့သည်။ 


မီးလောင်ပြင်တွင် ယာယီတည် ဆောက်ထားသည့် ဒုက္ခသည်စခန်းကို ပုပ်ရဟန်းမင်းကြီး လာရောက်မည် ဖြစ်ပြီး အဆိုပါဒုက္ခသည်စခန်းတွင် အာဖဂန်ဒုက္ခသည် ၂,၃၀၀ နီးပါး နေထိုင်နေကြခြင်းဖြစ်သည်။ 

ဂရိနိုင်ငံ၏ ကျွန်း ၅ ခုပေါ်တွင် ဥရောပကို ရွှေ့ပြောင်းအခြေချလာသူ များကို ထောင်ကဲ့သို့ အဆောက်အဦး များတွင် ထိန်းသိမ်းထားသည့်အတွက် လူ့အခွင့်အရေးအဖွဲ့၏ အပြင်းအထန် ဝေဖန်မှုများကို ခံနေရခြင်းလည်းဖြစ် သည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ