နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲရေးမှူးတို့အား တွေ့ဆုံ

ရန်ကုန် ဧပြီ ၃ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး နှင့် အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲရေးမှူးတို့အား ဧပြီ ၃ ရက်၊ နံနက် ၉ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ ၄ ၌ တွေ့ဆုံခဲ့သည်။ ‌တွေ့ဆုံရာတွင် ၀န်ကြီးချုပ်အား တာ၀န်ရှိသူများက လုံခြုံရေးအရ (CCTV) တပ်ဆင်ရန်အတွက် လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။ ‌တွေ့ဆုံစဉ်တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






အခြားဆက်စပ်သတင်းများ