နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်ရုံများ မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေး

မန္တလေး   ဒီဇင်ဘာ       ၅


မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ စက်ရုံများမီးဘေးကာကွယ် ရေးအတွက်   ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက်က တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူး ၊  မန္တလေးခရိုင် မီးသတ်ဦးစီးမှူးလက်ထောက်ညွှန် ကြားရေးမှူး၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူးတို့သည် ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုန်ရှိ E-Lan ဆပ်ပြာမှုန့် စက်ရုံ၊   စပါးနှံတာယာစက်ရုံနှင့် ရွှေမြင်းပျံအရက်ချက်စက်ရုံအား မီးဘေးကာကွယ်ရေးအတွက် ဟောင်း နွမ်းဝါယာကြိုးများ တပ်ဆင်ထားမှုမရှိ စေရေး၊ မီးလောင်လွယ်သောအမှိုက် များစုပုံမထားရှိရေးအတွက် စက်ရုံ အတွင်း ကွင်းဆင်းစစ်ဆေးရာ စက်ရုံမှူးများကမီးဘေးကြိုတင်ကာကွယ် ရေး ဆောင်ရွက်မှုများကို ရှင်းလင်း ပြသကြသည်။ 


ထိုနောက်   စက်ရုံများအတွင်း မီးဘေးကာကွယ်ရေးအရေးပေါ်မီးသတ် ဆေးဘူးများနှင့်မီးသတ်ရေကန်၊ ရေပိုက်များ တပ်ဆင်ထားမှုများကြည့်ရှု စစ်ဆေးသည်။   

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ