နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေးဒရဲမြို့ နွေရာသီရေရှားပါးပြတ်လပ်မှုမရှိစေရေး သောက်သုံးရေကန်ရေသိုလှောင်ထိန်းသိမ်းမှုကွင်းဆင်းစစ်ဆေး

ဒေးဒရဲ   ဒီဇင်ဘာ       ၅


\ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နွေရာသီကာလတွင်အများပြည်သူသောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေးအမှတ် (၁)ရပ်ကွက်ရှိ အောင်မင်္ဂလာသောက် သုံးရေကန် ရေသိုလှောင်ထိန်းသိမ်းမှုနှင့် မြေသားကန် တာပေါင်များကြံ့ခိုင်မှု အခြေအနေကို ဒီဇင်ဘာ ၄ ရက်၊ နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။


အဆိုပါ အောင်မင်္ဂလာသောက်သုံး ရေကန်သည် ဧက ၂၀ ကျယ်ဝန်းပြီး ဒေးဒရဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများပါ သောက်သုံးရေခပ်ယူ သုံးစွဲနေသော သောက်သုံးရေကန်ဖြစ်ပြီး သိုလှောင်ထားသည့်သောက်သုံးရေများကန်ပေါင်တာကျိုးခြင်းမှ ဆုံးရှုံးမှုမရှိ စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိ သည်။                 အေဇာလင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ