နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့တွင် မဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုဖြည့်သွင်းနေမှု ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ   ဒီဇင်ဘာ       ၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်တွင်    နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦး ရေစာရင်းအား အိမ်ထောင်စုဇယား (၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေ များကို ဒီဇင်ဘာ ၃ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ထို့သို့    ကြည့်ရှုစစ်ဆေးကြစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ် ခိုင်နှင့်အဖွဲ့က ရွေးကောက်ပွဲအတွက် အိမ်ထောင်စုဇယား (၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့်  သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအားလုံး ပြည့်စုံမှန်ကန်စွာ စာရင်းပြုစု   ဖြည့်သွင်းကြရန်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ကော်မရှင်ဦးစီးအရာရှိ က ရှင်းလင်းဆွေးနွေးတင်ပြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။

ခင်ဝါဝါလှိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ