နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကုန်းမြို့ နယ်စပ်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါပိုး ၁၂ ဦး ထပ်မံတွေ့ရှိ

ကျောင်းကုန်း   ဒီဇင်ဘာ       ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၏ နယ်စပ် ကျေးရွာများတွင် ယခုရက်ပိုင်း အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ ၁၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။ 


ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က သုံးဦးနှင့် ၂၈ ရက်က ငါးဦး စုစုပေါင်း ရှစ်ဦးသည် ကျုံပျော်မြို့နယ်နှင့် ကပ် လျက်ရှိသည့် လူသန့်ချောင်အုပ်စု၊ ရောင်ပစ်ကွင်းအုပ်စု၊ ကြံတောကျေး ရွာနေ မိသားစုတစ်စုတည်းမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဒီဇင်ဘာ ၂ ရက်တွင် အစုကြီးအုပ်စု၊ အစုကြီးကျေးရွာမှ နှစ်ဦးနှင့် ၃ ရက်တွင် အစုကြီးအုပ်စု၊ အောင်ပန်းချောင်ကျေးရွာမှ နှစ်ဦး ထပ်မံတွေ့ရှိရာ ယင်းအစုကြီး ကျေးရွာ သည် ကျုံပျော်မြို့နယ်နှင့် နယ်စပ် ကျေးရွာ တစ်ရွာဖြစ်ကြောင်း သိရသည်။


ယခုအခါ နေအိမ်ပြင်ပနှင့်လူစည် ကားရာနေရာများဖြစ်သည့် ဈေးများ၊ စားသောက်ဆိုင်များသို့ သွားလာပါက နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင် ရန် အရေးကြီးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော် လည်း ပြည်သူများအနေဖြင့် စည်းကမ်း လိုက်နာမှု အားနည်းနေကြောင်း တွေ့ရ သည်။           ဝင်းကြိုင်(ကျောင်းကုန်း)






အခြားဆက်စပ်သတင်းများ