နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

မိုင်းရယ်   ဒီဇင်ဘာ     ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ တာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက် မည့်ကျေးရွာများမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၄၀၀ လွှဲပြောင်း ပေးအပ်ပွဲကို ဒီဇင်ဘာ ၄ ရက်၊ နံနက်ပိုင်းက မိုင်းရယ်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်း အောင်က အမှာစကားပြောကြားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ နားခေါ်၊ ကုန်းညု၊ တာပေါက်၊ ပုံကတ် နမ့်အွန်မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအားစီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၀၀ ကို ဌာနဆိုင်ရာတာဝန်ရှိသူများကအသီးသီးလွှဲပြောင်းပေးအပ်ကြသည်။

အေးသူ






အခြားဆက်စပ်သတင်းများ