နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် အရှည်ဆုံး (ပေ ၁၇၀၀) ရာသီချိန်ဝါးတံတား

ရန်ကုန်  ဒီဇင်ဘာ  ၅


မြန်မာနိုင်ငံတွင် အရှည်ဆုံး ပေ ၁၇၀၀ ရှိ ဗန်မော်-စင့်ကင် တာပိန် မြစ်ကူး ရာသီချိန်ဝါးတံတားကို ဒီဇင် ဘာ ၃ ရက်က ဆောက်လုပ်ပြီးစီးသွား သည်။


ကျေးရွာပေါင်း‌ ခြောက်ရွာမှ အလှူရှင်နှင့် လုပ်အားရှင် ၇၀၀ ကျော် တို့က တစ်ရက်ခွဲကြာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် တာပိန်မြစ်ရေကျချိန် တွင် ဆောက်လုပ်ကာ ခြောက်လမှ ရှစ်လကြာ အသုံးပြုကြသည်။ ယခုနှစ် တွင် မျောတိုင် ၃၂၇ တိုင်၊ ကျားကန် တိုင် ၃၂၇ တိုင်၊ ထုတ် ၁၆၃ ချောင်း၊  ၆ လက်မ x ၁ လက်မ ပျဉ်ချောင်း ၉၁၀၊ ဝါးအလုံး ၁၀၀၀၊ ကြိမ်ပင် ၁၅၀၀၊ ကြိုး ၅၀ ပိဿာ၊ သွပ်နန်းကြိုး ပိဿာ ၂၀ အသုံးပြုပြီး စင့်ကင်ရွာက တစ်အိမ် လျှင် ဝါးတစ်လုံး၊ မျောတစ်တိုင်၊ ကြိမ် တစ်ချောင်း၊ ဝါးကပ်တစ်ခု ခွဲတမ်းဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။


တံတားကူးခမှာ ဆိုင်ကယ်တစ်စီး လျှင် ကျပ် ၅၀၀ ကောက်ခံပြီး လူဖြတ် သန်းခကို စေတနာကြေးအလှူခံသည်။  တံတားအတွက် ဆောက်လုပ်ထိန်းသိမ်း ရာတွင် ပါဝင်သည့်ကျေးရွာများ အခ ပေးရန်မလိုပေ။ တံတားဖြတ်ခ တစ်နှစ် လျှင် ကျပ်သိန်း ၇၀ ကျော် ရရှိကာ ပညာရေးနှင့် သာသနာရေးအတွက် အသုံးပြုကြောင်း သိရသည်။        (WP)






အခြားဆက်စပ်သတင်းများ