နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လန်ဒန်ဒါဘီမှာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့သည့် ချယ်လ်ဆီး

ဒီဇင်ဘာ ၅


ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ၏ ပွဲစဉ် တစ်ပွဲအဖြစ်  ဝက်စ်ဟမ်းအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယမန်နေ့ည ပိုင်းက London Stadium ၌ ယှဉ်ပြိုင် ကစားရာ ဝက်စ်ဟမ်းအသင်းက သုံးဂိုး၊ နှစ်ဂိုးဖြင့် ချယ်လ်ဆီးအသင်းကို အနိုင် ရရှိခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီး အသင်းသည် လန်ဒန် ဒါဘီပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယခုရာသီ ပရီးမီး ယားလိဂ်ပြိုင်ပွဲ၏ နှစ်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး ပထမပိုင်း ပွဲစကတည်း က ချယ်လ်ဆီးအသင်းက ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစား ကာ ပွဲချိန် ၂၉ မိနစ်တွင် မေဆင်မောင့် ၏ ထောင့်ကန်ဘော ဖြတ်တင်ပေးမှုက တစ်ဆင့် သီယာဂိုဆေးလ်ဗားက ခေါင်း တိုက်ပြီး   ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ ပွဲချိန် ၄၀ မိနစ်တွင် ချယ်လ်ဆီးဂိုးသမား မန်ဒီ ၏ ပါးနပ်မှုမရှိသည့် ဖျက်ထုတ်မှုကြောင့် ဝက်စ်ဟမ်းအသင်း ပင်နယ်တီရရှိခဲ့ပြီး လန်ဇီနီက အမှားအယွင်းမရှိ သွင်းယူ ပေးခဲ့သည်။ ပွဲချိန် ၄၄ မိနစ်မှာ ဇီး ယက်ဇ်၏ ပေးပို့မှုကတစ်ဆင့် မေဆင် မောင့်က မြေမကျကန်ချက်ဖြင့် ဂိုးသွင်း ယူပေးပြီး ပထမပိုင်းကို ချယ်လ်ဆီး အသင်း ဦးဆောင်ထားနိုင်ခဲ့သည်။


ဒုတိယပိုင်းတွင်လည်း ချယ်လ်ဆီး အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာဖြင့် ပွဲကိုထိန်းချုပ် ကစားခဲ့သော်လည်း တန်ပြန်တိုက်စစ် ကတစ်ဆင့် ပွဲချိန် ၅၆ မိနစ်တွင် ဘိုဝမ် က ဝက်စ်ဟမ်းအသင်းအတွက် ချေပ ဂိုးကို သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၇ မိနစ်တွင် မာဆူယာကာ၏ ဘောလုံး ဖြတ်တင်ပေးမှုက ချယ်လ်ဆီးကစား သမားနှင့်ထိမိပြီး လမ်းကြောင်းပြောင်း ၍ ဂိုးဝင်သွားကာ ဝက်စ်ဟမ်းအသင်း အတွက်     အဖိုးတန်အနိုင်ဂိုးကိုရရှိခဲ့ သည်။

 (သူရိန်)






အခြားဆက်စပ်သတင်းများ