နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးပြတ်နိုင်ပွဲဖြင့် ဇယားထိပ်ရောက်လာသည့် မန်စီးတီး

ဒီဇင်ဘာ ၅


ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ၏ ပွဲ စဉ်တစ်ပွဲအဖြစ်    ဝက်ဖို့ဒ်အသင်းနှင့် မန်စီးတီးအသင်းတို့ ယမန်နေ့ညပိုင်း က Vicarage Road ကွင်း၌ ယှဉ်ပြိုင် ကစားရာ မန်စီးတီးအသင်းက သုံးဂိုး၊ တစ်ဂိုးဖြင့်  အနိုင်ရရှိပြီး  အမှတ်ပေး ဇယားကို  ဦးဆောင်ထားနိုင်ခဲ့ကြောင်း သိရသည်။  နှစ်သင်းစလုံးက အဓိက ကစားသမားအစုံအလင်ဖြင့်  ပွဲထွက်လာ ပြီး မန်စီးတီးက ဒဏ်ရာမှပြန်လည် သက်သာလာသည့် ဖိုဒန်နှင့် ဂရီးလစ်ရှ် တို့ကို ထည့်သွင်းကစားခဲ့သည်။


မန်စီးတီးအသင်း၏   တိုက်စစ် အကောင်းဆုံးပုံစံတွင်ရှိနေပြီး ပထမ ပိုင်းပွဲအစ ၄ မိနစ်မှာပင် စတာလင်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ ဂိုးရရှိ ပြီးနောက်ပိုင်းတွင်လည်း   မန်စီးတီး အသင်းကသာ တရစပ်ဖိအားပေးကစား ခဲ့ပြီး ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးသမား ဘက်ချ်မန်း  ကာကွယ်နိုင်ခဲ့ သောကြောင့် ဝက်ဖို့ဒ်အသင်း သက်သာ ရာရခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၃၁ မိနစ်တွင် ဘာနာဒိုဆေးလ်ဗားက ဒုတိယမြောက် ဂိုးကိုသွင်းယူပေးခဲ့ပြီး   ပထမပိုင်းကို ဦးဆောင်ထားနိုင်ခဲ့သည်။


ဒုတိယပိုင်းတွင်လည်း မန်စီးတီး အသင်းကသာ အကောင်းဆုံးပုံစံဖြင့် ပွဲကိုထိန်းချုပ်ကစားခဲ့ပြီး ပွဲချိန် ၆၃ မိနစ် တွင် ဘာနာဒိုဆေးလ်ဗားက တတိယ မြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ဝက်ဖို့ဒ်အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် ဟာနန်ဒက်က သွင်းယူပေးခဲ့ခြင်းဖြစ် သည်။ မန်စီးတီးအသင်းက ဂိုးကန် သွင်းခွင့် ၂၆ ကြိမ်ရရှိပြီး ဂိုးပေါက် ခြိမ်း ခြောက်မှု ၁၃ ကြိမ်ပြုလုပ်နိုင်ခဲ့ကာ ဝက်ဖို့ဒ်အသင်းက ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်ရရှိပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။


အခြား  ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ် သည့် ဝုဗ်အသင်းနှင့် လီဗာပူးလ်အသင်း တို့၏ ပွဲစဉ်တွင် လီဗာပူးလ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အမှတ် ပေးဇယား ဒုတိယနေရာတွင် ရပ်တည် နိုင်ခဲ့ကြောင်း သိရသည်။ လီဗာပူးလ် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၉၄ မိနစ်တွင် အိုရီဂီကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ