နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဒေါ်လာတစ်သိန်းကျော်တန်ဖိုးရှိဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲကျော်တင်ပို့ရောင်းချ

ရန်ကုန်၊  ဒီဇင်ဘာ ၅


ကိုဗစ်ရောဂါ ဖြစ်စဉ်ဖြစ်ရပ်များ ကြောင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်း များကို နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများထက် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများကို ပိုမို အသုံးပြုဆောင်ရွက်လာကြသည်။


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်   နိုဝင်ဘာ ၁ ရက် မှ ၁၅ ရက်ထိ ပင်လယ်ရေကြောင်း  ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၂ဒသမ၈၀၅ သန်း တန်ဖိုးရှိ ဆန်တန် ချိန် ၆၇၉၀ဝ ကျော်၊  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်း တန်ဖိုးရှိ  ဆန်ကွဲ တန်ချိန်  ၄၅၁၀ဝ ကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၃၀၅ သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၃၀ဝ၀ တန်  တင်ပို့ရောင်းချခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှ ၃၀ ရက် အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၃၁ သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၃၃၆၀ဝ ခန့် နှင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၂၃ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၉၃၄၀ ကျော်၊ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၅၄ တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ စုစု ပေါင်းတန်ချိန် ၄၂၉၄၀ တန် တင်ပို့ ရောင်းချပေးခဲ့သည်။

နိုဝင်ဘာတွင်   အမေရိကန်ဒေါ်လာ ၅၀ ဒသမ ဝ၅၉ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန်  ၁၅၅၉၄၀ တန် တင်ပို့ရောင်းချပေးခဲ့သည်။


နိုဝင်ဘာပထမလဝက်၊ ဆန်နှင့် ဆန်ကွဲတင်ပို့ရောင်းချပေးရာတွင် ဆန် ကို အာရှနိုင်ငံများ၊ အီးယူဈေးကွက်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ များသို့     တင်ပို့ရောင်းချပေးခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်၊ စပိန်နှင့် အာဖရိက ကင်မရွန်းနိုင်ငံသို့  အများဆုံးတင်ပို့ ရောင်းချပေးခဲ့သည်။


ဆန်ကွဲကို  တရုတ်၊ ဘယ်လ်ဂျီယံ နှင့် စပိန်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်း ချပေးခဲ့သည်။    ထို့အတူ နိုဝင်ဘာ ဒုတိယလဝက်တွင် ဆန်ကို တရုတ်၊ စပိန်၊ အိုင်ဗရီကို့စ်၊ ဖီလစ်ပိုင်၊ မလေး ရှားနှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့အများ ဆုံး တင်ပို့ရောင်းချပေးခဲ့ပြီး ဆန်ကွဲကို တရုတ်၊ ဘယ်လ်ဂျီယန်နှင့် စပိန်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချပေးခဲ့သည်။                      

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ