နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေးလမ်းပိုင်းအစုန်အဆန်ရထားများပြေးဆွဲမည်

ရန်ကုန်၊  ဒီဇင်ဘာ ၅


ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့မီးရထားမှခရီးသွားပြည် သူများ   သွားလာမှုအဆင်ပြေရေး အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ် ၃ အဆန်နှင့် အမှတ် ၄ အစုန် အမြန်ရထားခရီးစဉ်များအား ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ တွဲဆိုင်းနှစ်ဆိုင်း ဖြင့်  အပတ်စဉ် (တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာနေ့)များတွင် အစုန်၊ အဆန် တစ်စီးစီပြေးဆွဲပေးသွားမည်ဖြစ်သည်။


အမှတ် (၃) အဆန် အမြန်ရထား သည် ရန်ကုန်မြို့မှ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့နောက် နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်။


အမှတ်  ၄  အစုန်ရထားသည် မန္တလေး မှ  ညနေ ၃ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ နောက်နေ့ နံနက်  ၉ နာရီ မိနစ် ၃၀ တွင် ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန်-မန္တလေး ရထား လက်မှတ်ခမှာ ရိုးရိုးတန်း ၄၆၅၀ ကျပ် ဖြစ်သည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ