နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျားနိုင်ငံနှင့် တူရကီနိုင်ငံကြား အပျော်စီးသင်္ဘော ပထမဆုံးခရီးစဉ်ပြေးဆွဲ

ထရီပိုလီ၊  ဒီဇင်ဘာ ၅ 


လစ်ဗျားနိုင်ငံနှင့် တူရကီနိုင်ငံကြား ပထမဆုံး   အပျော်စီးခရီးသည်တင် သင်္ဘောလိုင်းကို လစ်ဗျားနိုင်ငံ ပို့ဆောင် ရေးဝန်ကြီး Mohamed al-Shohobi က စတင်ဖွင့်လှစ်ခဲ့ကြောင်း ကြေညာပြီး ဒီဇင်ဘာ ၄ ရက်တွင် ပထမဆုံးခရီးစဉ် ပြေးဆွဲခဲ့ကြောင်း သိရသည်။ 


အဆိုပါ ခရီးစဉ်သည် လစ်ဗျား၌ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ခရီးလည်း ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြော ကြားထားသည်။ 


အပျော်စီးသင်္ဘောလိုင်း  စတင် ခြင်းသည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ များအကြား  မိတ်ဖက်ဆောင်ရွက်မှု မြှင့်တင်ရေး လစ်ဗျားအစိုးရ၏ ကြိုးပမ်း အားထုတ်မှု မူဘောင်အတွင်းမှထွက် ပေါ်လာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန ကပြောသည်။ အဆိုပါ အပျော်စီးသင်္ဘော လိုင်းအသစ်သည်   လစ်ဗျားနိုင်ငံ Misurata နှင့် တူရကီနိုင်ငံ Izmir မြို့များ ကြား ပြေးဆွဲလျက်ရှိသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ