နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးများဆန္ဒမပါဘဲ လက်ထပ်ခွင့်မပြုရန် တာလီဘန်များ အမိန့်ထုတ်

ကဘူးလ်၊  ဒီဇင်ဘာ ၅


အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ် နေသည့် တာလီဘန်အဖွဲ့က အမျိုးသမီး များကို ယင်းတို့၏ဆန္ဒမပါဘဲ လက်ထပ် ထိမ်းမြားပေးခြင်းမပြုရဆိုသည့် အမိန့် ပြဌာန်းချက်တရပ်ကို  ထုတ်ပြန်လိုက် သည်။  


ရန်ငြိုးရန်စများ ဖြေလျှော့ရန်နှင့် ငြိမ်းချမ်းရေးအတွက် အလဲအလှယ်လုပ် သည့်အနေနှင့်  အမျိုးသမီးများကို လက်ဆက်ထိမ်းမြားပေးခြင်းကို မပြု လုပ်ရကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 


အမျိုးသမီးများသည် ကုန်ပစ္စည်း များမဟုတ်ဘဲ မြင့်မြတ်သူများဖြစ်ပြီး လွတ်လပ်သည့်    လူသားများဖြစ်ကာ ပဋိပက္ခများ အဆုံးသတ်ရန်  ငြိမ်းချမ်းရေး ကတိကဝတ်များအတွက် အပြန်အလှန် အနေနှင့် အမျိုးသမီးများကို လက်ဆက် ထိမ်းမြားပေးခြင်းမျိုး လုပ်ခွင့်မရှိကြောင်း ယင်းနှင့်ပတ်သက်၍ တာလီဘန်ပြော ရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ပြောသည်။ 


ထို့ပြင် ခင်ပွန်းသည် ဆုံးပါးသွား သည့် အမျိုးသမီးများအနေနှင့် ခင်ပွန်း၏ ပိုင်ဆိုင်မှုများကို ခွဲဝေခံစားခွင့်ရှိရမည် ဖြစ်ကြောင်း ယင်းကပြောသည်။ အာဖ ဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာရလာခဲ့သည့် သြဂုတ်လက တည်းက  လူအခွင့်အရေးအထူးသဖြင့် အမျိုးသမီးအခွင့်အရေးများကို လေးစား လိုက်နာရန် နိုင်ငံတကာ ဖိအားပေးမှု များရင်ဆိုင်နေရသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ