နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးကွဲသစ် အိုမီခရွန်အကြောင်း ရေရာစွာပြောနိုင်ခြင်းမရှိသေး WHO မှ သိပ္ပံပညာရှင်များက သတိပေး

ဂျနီဗာ၊  ဒီဇင်ဘာ ၅ 


အိုမီခရွန်မျိုးကွဲမှာ အလွန်ကူးစက်မှု မြန်ဆန်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့၏ သိပ္ပံပညာရှင် အကြီးအကဲက ပြောကြားခဲ့သော်လည်း အဆိုပါ ဗိုင်း ရပ်စ်အကြောင်းကို တိကျစွာပြောရန် အချိန်စောနေသေးကြောင်း ထပ်ဆင့် ပြောကြားသည်။ 


အိုမီခရွန်သည်  ကိုဗစ်-၁၉ ကို ဖြစ်စေသော အခြားသော ကိုရိုနာဗိုင်း ရပ်စ်မူရင်းမျိုးကွဲများထက်  ပိုမိုအား ပျော့မှု   ရှိ/မရှိကိုပြောရန်   စောသေး ကြောင်းပြောကြားခဲ့ပြီး ယင်းမှာ အာဖရိက တောင်ပိုင်းမှ စတင်ထွက်လာသည် ဆိုသည့်အချက်မှာ အတိအကျပြောရန် အချိန်စောင့်ဆိုင်းလိုကြောင်း ယင်းက ပြောသည်။ 


ကမ္ဘာ့ကိုဗစ်ကူးစက်မှု၏  ၉၀ ရာခိုင် နှုန်းမှာ  မှတ်တမ်းအရ ဒယ်လ်တာ မျိုးကွဲဖြစ်ပြီး ဥရောပသမဂ္ဂနှင့် သြစတြေး လျရှိ သိပ္ပံပညာရှင်များက လအနည်း ငယ်အတွင်း အိုမီခရွန်မှာ ဒယ်လ်တာ ထက် ကူးစက်မှုပိုများနိုင်ကြောင်းခန့် မှန်းနေကြသည်။   


WHO အနေဖြင့် အိုမီခရွန်ကိုအပျော့ စားမျိုးကွဲဟု ဤအဆင့်တွင် မပြောနိုင် သော်လည်း ရောဂါကူးစက်မှု အများ အပြားမှာ ပြင်းထန်သော လက္ခဏာများ သို့မဟုတ် လက္ခဏာလုံးဝမပြခြင်းများ နှင့် ဆက်စပ်နေကြောင်း ထုတ်ပြန်ထား သည်။  


အိုမီခရွန်သည် ကိုယ်ခံအားများ အပေါ် ထိရောက်မှုအကျိုး သက် ရောက်မှု နှင့် ပတ်သက်ပြီးခိုင်လုံသောအထောက် အထားမရှိသေးကြောင်း သိရသည်။ 

(Ref:Reuters)






အခြားဆက်စပ်သတင်းများ