နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုမီခရွန်မျိုးကွဲကြောင့် ကိုဗစ်ကူးစက်မှုများ အရှိန်အဟုန်ဖြင့် တိုးလာမည့်အရေး WHO သတိပေး

ဂျနီဗာ၊  ဒီဇင်ဘာ ၅


အာရှ-ပစိဖိတ် နိုင်ငံများအနေဖြင့် အိုမီခရွန်ဗီဇမျိုးကွဲ ပေါ်လာပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်များ လာမည့်အရေး အသင့်ပြင်ဆင်ထားရန် လိုပြီး သတိပြုစောင့်ကြည့်သွားရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၄ ရက်တွင် ပြော ကြားလိုက်သည်။  


WHO ၏ အနောက်ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Takeshi Kasai ၏ ပြောကြားချက်အရ နယ်စပ် ဒေသများကို ထိန်းချုပ်ရာတွင် အချိန်ပိုရ လာနိုင်သော်လည်း ကူးစက်သူပြန်များ လာမည့် အရေးအတွက် နိုင်ငံတိုင်း၊ လူ့ အဖွဲ့အစည်းတိုင်း ပြင်ဆင်ထားရမည် ဖြစ်ကြောင်း သိရသည်။ 


တောင်ကိုရီးယားတွင်  လူခုနစ် ယောက်နှင့်အထက် လူစုခြင်းကို လာ မည့်ရက်သတ္တပတ်က စတင်ပိတ်ပင် လိုက်ပြီး စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ပြတိုက်၊ စာကြည့်တိုက်နှင့် ဆောက်အဦ အတွင်း ကျင်းပသည့်ကိစ္စများ အားလုံး တွင် ကာကွယ်ဆေးထိုးပြီးကြောင်းပြသ ရမည်ဟု ပြဌာန်းလိုက်ပြီဖြစ်သည်။ 


ဒယ်လ်တာမျိုးကွဲနှင့် ရင်ဆိုင်ခဲ့ချိန် က ရခဲ့သည့်သင်ခန်းစာများကို အသုံးချရ မည်ဖြစ်ပြီး ခိုကိုးရာမဲ့သူများကို ကာ ကွယ်ဆေး အပြည့်အဝထိုးပေးရန်၊ နှာခေါင်းစည်းတပ်ခြင်း၊ လူချင်းခပ်ခွာ ခွာနေခြင်းကဲ့သို့  ကာကွယ်ရေးနည်း လမ်းများကို ချမှတ်လုပ်ဆောင်ရန် Takeshi Kasai က တိုက်တွန်းထား သည်။                               (Ref:BBC)






အခြားဆက်စပ်သတင်းများ