နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် အမေရိကန်စီးပွားရေးပညာရှင်များ လာရောက် အလုပ်လုပ်နိုင်ရန်စီစဉ်နေ

ဝါရှင်တန်၊  ဒီဇင်ဘာ ၅


တရုတ်အစိုးရသည် အမေရိကန် စီးပွားရေးပညာရှင်များ တရုတ်နိုင်ငံကို အလွယ်တကူလာရောက် အလုပ်လုပ်နိုင် ရန် ဆောင်ရွက်နေကြောင်း အမေရိကန် ဆိုင်ရာ တရုတ်သံအမတ်က ပြောကြား လိုက်သည်။ 


အမေရိကန်-တရုတ်  စီးပွားရေး ကောင်စီကကျင်းပခဲ့သော  ညစာစားပွဲ တွင် သံအမတ်ကြီး ချင်ကဲန်းက ပေကျင်း အနေနှင့် အချို့အလုပ်များကိုစတင် လုပ်ဆောင်နေပြီး ယင်းအလုပ်များနှင့် ပတ်သက်၍   ကောင်စီကိုလည်း အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။ 


တရုတ်နိုင်ငံ၏ အားကောင်းသည့် စီးပွားရေးသည်   ကိုဗစ်ကပ်ရောဂါ ကြောင့် ကျဆင်းသွားသော ကမ္ဘာ့စီးပွား ရေး ပြန်လည်ထူထောင်ရေးတွင် အရေး ပါသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် အရည်အသွေးနှင့် ထိရောက် မှုတွင်လည်း တိုးတက်မှုများ ဆက်လက် ရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။ 


တရုတ်နိုင်ငံအနေနှင့် စုံလင်သော ပြုပြင်ပြောင်းလဲမှုနှင့် တခါးဖွင့်မူဝါဒကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်မည်ဟု လည်း ကတိပေးပြောကြားခဲ့ပြီး နိုင်ငံ ခြားရင်းနှီမြှုပ်နှံမှုများအတွက် ပိုမိုလွယ် ကူစေရန် အပြုသဘော မဆောင်သော နိုင်ငံခြားရင်းနှီမြှုပ်နှံမှု စာရင်းကိုလည်း လျှော့ချမည် ဖြစ်ကြောင်းသိရသည်။  


ကဏ္ဍစုံတွင် ဝင်ရောက်စီးပွားရေး လုပ်နိုင်ရန်နှင့် စိုက်ပျိုးရေး၊ ကုန်ထုတ် လုပ်မှု၊ ဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာ ရေးနှင့် အခြားပိုမိုကျယ်ပြန့်သောနယ် ပယ်များနှင့် နယ်စပ်ကျော် ကုန်သွယ် ရေးများတွင်လည်း ဖြေလျှော့ပေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုတွင် လွတ်လပ်ခွင့် ပေးပြီး လိုအပ်သောအရာ များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း  သံ အမတ်ကြီးက ကတိပြုခဲ့သည်။






အခြားဆက်စပ်သတင်းများ